ဒီတစ်ခါ တကယ် စိတ်အေးအေးနဲ့ အေးအေး ဆေးဆေး ဖတ်နော်။ ချန်ကန်းနဲ့ ကုယွင်ရဲ့ pov က ရောနေပြီး တစ်လှည့်စီ ထပ်ခါထပ်ခါ လာတာမို့ ဘယ်သူပြောနေတာမှန်း သတိမထားမိဘဲ မှားဖီးလ်နေမှာစိုးလို့။ အခု စစချင်းက ချန်ကန်း pov ပါ။
_____________
အခန်း {၆၆}
ပရမ်းပတာလောကကြီး
တဒင်္ဂမျှ စိတ်လိုက်မာန်ပါ လုပ်မိခြင်းက လွယ်ကူပါ၏။ သို့ရာ စိတ်လိုက်မာန်ပါလုပ်ပြီးနောက် ကျန်ရှိသော ကိစ္စများကို မည်သို့မည်ပုံ ဖြေရှင်းကြမလဲ ဟူသည်ကသာ ပြဿနာစစ်စစ် ဖြစ်သည်။
အကယ်၍ ရွှေမြို့တော်၏ ဤကပ်ဘေးဒုက္ခကြီးသာ မရှိလျှင် ချန်ကန်းသည်လည်း မိုးလောက်ကြီးသော သတ္တိရှိလျှင်တောင် ကုယွင်ကို ထိုသို့ မလုပ်ဝံ့သည်မှာ အသေအချာပင်။ ဤတိုက်ပွဲကြီးမရှိခင်တွင် ချန်ကန်း၌ မည်သို့သော အမှန်တကယ် ဖြစ်မလာနိုင်သည့် အရာများကိုမျှ စိတ်ကူးယဉ်ထားခဲ့ဖူးခြင်း မရှိချေ။ မဟုတ်လျှင် သူလည်း ကုယွင်ကို လေးငါးနှစ်လောက် ပုန်းရှောင်နေမည် မဟုတ်ပါ။
ကုယွင်သည် သူ့ဘဝ၏ တစ်ခုတည်းသော ဖြေသိမ့်ရာ ဖြစ်၏။ သို့ပေမယ့် ပုံမှန် တိုးတက်နှုန်း အတိုင်း သွားလျှင် တစ်ဘဝလုံး ထိုအခြေအနေနှင့်သာ အဆုံးသတ်ပေလိမ့်မည်။ သူက သူ့နှလုံးသား၏ ဆန္ဒများကို အလုံးစုံ ဖော်ပြ အသိပေးခဲ့လေသည်။ ကုယွင်ကလည်း သူ့ဘဝမှာ အနူးညံ့ဆုံးသော သွယ်ဝိုက်ပြောသည့်နည်းဖြင့် စကားကို အဆုံးထိ ရှင်းရှင်းလင်းလင်း ပြောပြီးချေ၏။ ထို့ကြောင့် ချန်ကန်း၏ ကိုယ်ပိုင်မာနနှင့် သိက္ခာတရားအရ ကုယွင်အပေါ်တွင် ထပ်မံ၍ စိတ်ကူးယဉ်မျှော်လင့်နေဖို့ရာ လုံးဝ ဥဿုံ မဖြစ်နိုင်တော့ပေ။
ကုယွင်အတွက် သူဘာလုပ်နေလဲ။ ဘယ်လိုလမ်းမျိုးကို လျှောက်လှမ်းနေမလဲ။ အားလုံးက သူကိုယ်တိုင်နှင့်သာ ဆိုင်သည့်ကိစ္စများ ဖြစ်၏။
သူ့တွင် အပေါဆုံးက အကြံအစည်များ ဖြစ်၏။ သို့ပေမယ့် ထိုသို့ မကောင်းသော အကြံအစည်များကိုတော့ ကုယွင်ထံတွင် မသုံးလို။ သုံးရန် ဆန္ဒလုံးဝ မရှိ----- အဲ့ဒါဆိုရင် သူ့အချစ်က သိပ်ကို တန်ဖိုးမဲ့သွားလိမ့်မည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။