{၃၉}

873 126 28
                                    

အခန်း {၃၉}

ဓားပြအန္တရာယ်

နားထဲတွင် လေသံများ တဝုန်းဝုန်း ဆူညံနေသည့်အပြင် မြေကြီးပေါ် တခွက်ခွက်နှင့်ရိုက်နေသော မြင်းခွာသံများ ဆူညံနေသည့်ကြားက ရှန်ယိက နားပါးစွာဖြင့် ရထားလုံးအတွင်းမှ မူမမှန်သော အသံတချို့ကို ကြားလိုက်ရသည်။ သူက ကုယွင်နောက်သို့ အမှီလိုက်လာပြီး လက်ကို ရင်ဘတ်ပေါ်တွင် ဖိကာ အော့အန်သော အမူအရာတစ်ခုကို လိုက်တုပလုပ်ပြလိုက်သည်။ ထို့အပြင် မျက်စပစ်လျက် သူဆိုလိုချင်သော စကားကို ပို့လွှတ်လိုက်သည်မှာ---

အထဲက ဟိုပုဂ္ဂိုလ်ကြီး အန်ထွက်နေပြီ ဘယ်လိုလုပ်မလဲ?

ကုယွင်ကမူ မသိမသာ ဟက်ကနဲ ရယ်လိုက်ပြီး ပီပီသသ မျက်စပြန်ပစ်ပြသည်။ အဓိပ္ပါယ်ကတော့----

နည်းတောင် နည်းသေးတယ်.. သူ့ဘာသာ သန့်ရှင်းရေးပြန်လုပ်ခိုင်းလိုက်!

ကုယွင်တောင်ပိုင်းသို့ စုန်ဆင်းလာခြင်းမှာ တောင်ပိုင်းနယ်စပ် စစ်တပ်၏ စစ်သူကြီး ဖုကျစ်ချန်၏ မိသားစု နာရေးကိစ္စကြောင့်ပင်။ စစ်သူကြီးဖုသည် မိခင်ဖြစ်သူ၏ နာရေးအခမ်းအနားရှိသောကြောင့် နန်းတော်သို့ သဝဏ်လွှာဆက်သကာ ဆိုခဲ့သည်။ မိမိ၏ရာထူးတံဆိပ်ခေါင်းကို နန်းတော်သို့ ပြန်အပ်ကာ အိမ်ပြန်ရန်နှင့် မိခင်၏နာရေးကို ပြန်သွားကာ သားသမီးဝတ္တရားကျေပွန်ရမည် ဖြစ်ကြောင်းတို့ဖြစ်သည်။

"နာရေးအခမ်းအနား" ဆိုသည်မှာ အမှန်တော့ အာပလာတစ်ခုသာဖြစ်သည်။ သွားလည်းရသည်။ မသွားလည်းရပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖာထေးလိမ်ဆင် ဖြစ်နိုင်ပေသည်။ သို့ရာ မည်သည့် နယ်စပ်ဒေသစောင့်ကြပ်ရေးအရာရှိများမှ ထိုသို့ မလုပ်ဆောင်ခဲ့ဖူးချေ။

အကယ်၍ အချုပ်စစ်သူကြီးက လေးငါးနှစ်အိမ်ပြန်သွားမည်ဆိုလျှင် စစ်မက်ရေးရာဆိုင်ရာ ကိစ္စတစ်ခုခု၊ သို့မဟုတ် စစ်ပွဲဖြစ်လာပါက မည်သူတာဝန်ယူမည်နည်း?

ထို့အပြင် မဟာလျန်ပြည်တစ်ပြည်လုံးလည်း သိပေသည်။ ထိုစစ်သူကြီးဖုဆိုသူသည် ဓားပြခေါင်းဆောင်၏ သားဖြစ်သူပင်။ ထိုလွန်ခဲ့သောနှစ်ပေါင်းများစွာက အမတ်မင်းဟောင်းကိုယ်တိုင် တိုက်ခိုက်အနိုင်ယူကာ အညံ့ခံလာစေခဲ့ခြင်းလည်းဖြစ်သည်။ နောက်ပိုင်း၌ ရာထူးဌာနေ ခန့်အပ်ခံရလာပြီး ယနေ့ထိတောင် အရှင်မင်းမြတ်နှင့်‌တွေ့ဆုံလျှင် ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်ဘဲ ရိုင်းပြသော စကားများ ထွက်လာတတ်သေးသည်ပင်။ ထိုလူက ဘယ်တုန်းကမှ အဲ့လောက် ပတ်ဝန်းကျင်ကို ဂရုတစိုက်လည်းမရှိခဲ့ချေ။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now