အခန်း {၇၄}
ပထမဆုံးအောင်ပွဲ
ချန်ချင်းရွှိသည် ချန်ကန်း၏မျက်နှာကို အသေးစိတ် အကဲခတ်ကြည့်လိုက်ရင်း ပြောလာသည်။
" ကျွန်မကြားမိတာတော့ အရှင့်သားက လမ်းခရီးတစ်လျှောက် မနားတမ်း ခရီးနှင်နေခဲ့ရတယ်ဆို.. အရင်ဆုံး တောင်အရပ်က ကျန်းပေမြို့ ဆိပ်ကမ်းက လာဘ်စားနေတဲ့ အရာရှိတွေနဲ့ အကောက်ကြံကုန်သည်တွေကို ဖြေရှင်းခဲ့ရတယ်၊ နောက်တော့ ရွှေမြို့တော်ကို ပြန်ပြီး အိုးအိမ်တရားရုံးနဲ့ လင်ရှူးကျောင်းတော်၊ ဒါ့အပြင် ဘယ်လောက် ကုန်ကျနေမယ် မတွက်ချက်နေဘဲ နှစ်မကူးခင်အမီလေး ရှီးပေအထိ စွန့်စွန့်စားစား ရောက်အောင်လာပြန်တယ်နော်၊ သည်လောက်နေ့စဉ်ရက်ဆက် ပြေးလွှားသွားလာနေရတာ အခုထိတောင် မနားရသေးဘူးဆို၊ ဒါပေမဲ့လည်း အရှင့်သား မျက်နှာသွေးရောင်ကတော့ သိပ်မဆိုးဘူးရော်? "
ဆိုရလျှင် ဤကိစ္စသည် သိပ်ထူးဆန်းလွန်းနေသည်။ သူ(မ) ရွှေမြို့တော်မှ ထွက်ခွာလာချိန်တွင် ချန်ကန်းကိုယ်ပေါ်ရှိ ဝူးအာကူသည် ထိန်းချုပ်၍မရသော အနေအထားတစ်ခုသို့ ရောက်ရှိနေချေပြီ။ နဂိုက ချန်ကန်းတစ်ယောက် ဤနှစ်ဝက်အတွင်း ကိစ္စများမြောင်ကာ စိတ်အာရုံနှင့် လူအင်အားပါ မနည်းစိုက်ထုတ်ထားရသောကြောင့် ဝူးအာကူက မည်သို့မည်ပုံ အခြေအနေမျိုးထိတောင် ရောက်နေပြီလဲ မသိနိုင်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် လင်ယွမ်းသစ်သားငှက်ကို လက်ခံရရှိချိန်တွင် ချန်ချင်းရွှိ၏ စိတ်ထဲ၌ အနည်းငယ် ရတက်မအေးဖြစ်နေခဲ့လေသည်။ အဘယ်ကြောင့်မူ ချန်ကန်း၏ မျက်လုံးအိမ်ထဲမှ အနှီကြောက်မက်ဖွယ်ရာ အတိတ်နိမိတ်မကောင်းသော အနီတောက်တောက် အလင်းတန်းတစ်ခုကို မြင်ရမည်ကို စိုးထိတ်မိနေသောကြောင့်ပင်။
သို့ရာတွင် ချန်ကန်း၏မျက်နှာသည် ထင်ထားတာထက်တောင် ပိုမို ကြည်လင်ကောင်းမွန်နေသည်။ ယခုအချိန်တွင် ယန့်ချင်းဝမ် အရှင့်သား၏ ကိုယ်၌ "မိုးကောင်းကင်ကြီး ပြိုကျလာရင်တောင် ကျွန်တော်က ငြိမ်းချမ်းနေဆဲ" ဟူသကဲ့သို့သော အရှိန်အဝါများက ယခင်ကာလများတုန်းကနှယ် ပြန်လည် ဖုံးလွှမ်းလို့နေလေသည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။