အခန်း {၆၀}
အမြောက်များဖြင့်ပစ်ခတ်ခြင်း
ချန်ကန်းက တင်ပြလာသည့် အစီရင်ခံစာကို လက်ခံလိုက်သည်။ ကုယွင်က မေး၏။
" ကျန်းနန်ရေတပ်က ဘယ်လောက်လောက်ကျန်သေးလဲ? "
" အတိအကျမသိသေးဘူး "
ချန်ကန်းက လျင်မြန်သွက်လက်စွာဖြင့် ဖတ်လိုက်သည်။
" ပင်လယ်နဂါးတွေက ပင်လယ်ပြင်ကို မထွက်ဖူးတဲ့အပြင် ပင်လယ်ပြင်ထက်မှာ စစ်မတိုက်ဖူးတာမို့ ကျောက်ယုံဖန်းသေသွားတာနဲ့ အားလုံးလည်း ကြောက်ရွံ့ထိတ်လန့်ကုန်ပြီး အရပ်လေးမျက်နှာကို လျှောက်ထွက်ပြေးကုန်ကြပြီ---- ရိဖု.. ရိဖု ဟိုတစ်နှစ်က ဝေ့ဝမ်ပုန်ကန်ဖို့ ကြိုးစားတာကို မှတ်မိသေးလား? "
ကုယွင်က သူ့နှာခေါင်းကို အနည်းငယ်ပွတ်သပ်လိုက်သည်။ ချန်ကန်းဆိုလိုချင်သော အဓိပ္ပါယ်ကို သူနားလည်ပေ၏။
ထိုနှစ်များတုန်းက ဝေ့ဝမ်သည်လည်း ကျန်းနန်ရေတပ်၏ ကြီးကြပ်သူအရာရှိနှင့်တကွ ရေတပ်စစ်အင်အားတစ်ဝက်လောက်ကို သိမ်းသွင်းကာ တုန်းရင်ကျွန်းစုလေးများတွင် စစ်သည်များ စုဆောင်း၍ ရွှေမြို့တော်ကို တပ်မက်ခဲ့ဖူးသည်လေ။ သို့ပေမယ့် မမျှော်လင့်ထားဘဲ အဆင်သင့်တောင်မဖြစ်သေးခင်၌ ကုယွင်နှင့် လင်ယွမ်းနန်းဆောင်တို့ ပူးပေါင်းကာ ဝင်မွှေခြင်းကို ခံလိုက်ရသည်။
အပြောကသာ "ကုယွင်နှင့်လင်ယွမ်းနန်းဆောင်တို့ပူးပေါင်း" ပြီး ဖြေရှင်းသည်ဆိုပေမင့် တကယ်တမ်းတော့ ကုယွင်အနားတွင်လည်း လင်းယုန်နက်စစ်သည် နှစ်ယောက် ၊ သုံးယောက်နှင့် မကြီးမငယ်ကလေး တချို့သာ ရှိသည်မဟုတ်ပါလား။ ထို့အပြင် လင်ယွမ်းနန်းဆောင်ဘက်မှသည်လည်း သိုင်းလောကသား အယောက်သုံးဆယ်ခန့်သာ ပါရှိသည် မဟုတ်လား။ သို့အပြင် လျောင်ရန်ကဲ့သို့ လေးလံသောသံချပ်ကာ ဝတ်စုံအား ဝတ်ပြီးရင် ပြန်မချွတ်တတ်တော့သော အလကားကောင်မျိုးပင် ပါသေးသည်လေ။
ကုယွင်၏ စစ်မက်ရေးရာဌာနေအသီးသီးတို့ရှိ ဂုဏ်သတင်းက ကျော်စောထည်ဝါလွန်းလှသည့်အတွက် ဤသို့သူပုန်တပ်အတွင်းတွင် ရုတ်ခြည်း ကုယွင်တစ်ယောက် ထွက်ပေါက်လာခြင်းက သူတို့ကို ကြောက်ချေးပါစေသည့် အကြောင်းရင်းထဲက တစ်ခုဖြစ်သည်။ သို့ပေမယ့် ဤသည်ကပင် မဟာလျန်ပြည်ကြီး၏ ရေတပ်သည်ကား မည်မျှပင် အားနည်းချည့်နဲ့သော ထော့ကျိုးနေသည့် ခြေထောက်တစ်ဖက် ဖြစ်နေကြောင်း သရုပ်ပြသွားလေသည့် သာဓကကောင်းတစ်ခုပင်ဖြစ်လေသည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။