{၅၅}

670 111 13
                                    

အခန်း {၅၅}

မာန်ဟုန်ပြင်းသောမီးတောက်မီးလျှံ


ထိုနေရာ၌ ရှိသမျှလူအားလုံး ထိတ်လန့်အံ့အားသင့်သွားရသည်ပင်။

အတန်ကြာသော် အမိန့်တော်သယ်ဆောင်လာသော တပ်သားငယ်‌လေးက မိမိ၏ တာဝန်ကို သတိပြန်ရကာ လည်ချောင်းခြောက်ကို ချောင်းဟန့်ရှင်းလျက် ထပ်မံ၍ ဆိုလိုက်သည်။

" စစ်သူကြီးထန်.. အမတ်မင်းက.......... "

" မင်းပါးစပ်ပိတ်ထားစမ်း! "

ထန်ဟုန်ဖေးက အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ ထို့နောက်တစ်ဆက်တည်းတွင် သူသည် သူ့၏ကျွဲရိုင်းမျက်လုံးများဖြင့် ခန်းမအလယ်တွင် ဒူးထောက်နေသော ယောကျ်ားကို လှည့်ကြည့်လိုက်သည်။ ရုတ်ခြည်း လည်ချောင်းထဲတွင် တစ်ဆို့နေသလိုလို။ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာရှိသည့် အမွေးညင်းများအားလုံး ထောင်မတ်လာသလိုလို။

" မင်းဘာပြောလိုက်တယ်? ရှင်းရှင်းလင်းလင်း ပြောစမ်း------ ဘယ်သစ္စာရှိ လက်အောက်ငယ်သားကို လုပ်တာလဲ? "

အနှီအသက်လတ်ပိုင်း ယောကျ်ားက ခါးကို မတ်လိုက်ပြီး သူ့မျက်နှာက အနည်းငယ် ဖြူဖျော့လျက်ဖြင့် သနားစဖွယ်ပုံပေါက်နေသည်။

" လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က မြောက်ပိုင်းလူရိုင်းတွေက သဘာဝဘေးဒုက္ခခံခဲ့ရပါတယ်.. အဲ့မှာ ဝံပုလွေဘုရင်က စိတ်ရိုင်းလောဘတွေတက်ပြီး စစ်ချီ ကျုးကျော်ဝင်ရောက် လာခဲ့တော့ အမတ်မင်းဟောင်းက သံနက်တပ်ရင်းရဲ့ ကြောက်ခမန်းလိလိ စွမ်းရည်တွေနဲ့ မြောက်ပိုင်းနယ်စပ်တစ်ခုလုံးကို ငြိမ်ဝပ်ပိပြားစေခဲ့ပါတယ်.. ဝံပုလွေတွေကို ဦးညွတ်စေခဲ့ပြီး အခွန်ပဏ္ဍာတွေကို ဆက်သစေခဲ့တယ်.. နတ်ဘုရားမ ညီအစ်မကို နန်းတွင်းကို ဆက်သစေခဲ့ပြီး ယွမ်ဟယ်ဧကရာဇ်ဟာ နှစ်ဦးအနက်က အကြီးကို မိဖုရားအရာချီးမြှောက်ခဲ့ပြီး အငယ်ဖြစ်သူ ညီမကို မင်းသမီးဘွဲ့ထူးပေးသနားခဲ့ပါတယ်.. နန်းတွင်းကို ဝင်ရောက်စေခဲ့ပြီးနောက် တော်ဝင်မိသားစုဝင်ပမာ ထိမ်းမြားလက်ထပ်ခဲ့ပါတယ် "

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now