{၂၅}

892 109 17
                                    

အခန်း{၂၅}

ထွက်ခွာခြင်း

ဆရာတော်လျောင်ချီသည် သူ့၏ ချောမောလှသည့်ဆရာတူညီကို ဦးဆောင်ခေါ်လာပြီး ကုယွင်အား လက်ဆယ်ဖြာယှက်လျက် ဂါရဝပြုနှုတ်ဆက်လိုက်သည်။ မျက်နှာတွင် ဂန္ဓာမာပန်းပွင့်ဖတ်များ ဝင့်ကြွားနေသည့်နှယ် တောက်ပသောအပြုံးပန်းကို ဆင်လျက်ဖြင့် ဆိုလေ၏။

" မတွေ့ရတာနှစ်အတော်ကြာသွားပေမဲ့လည်း အမတ်မင်းကတော့ အလွန်ကို ခန့်ညားတင့်တယ်နေတုန်းပါပဲလား..တကယ့်ကို ဆရာတော်တို့ မဟာလျန်ပြည်ကြီးရဲ့တောတောင်ရေမြေအတွက် ကံကောင်းခြင်း လာဘ်တစ်ပါးပါပဲနော် "

ကုယွင်မှာတော့ ထိုအဘိုးကြီး၏ ရုပ်ဆိုးပန်းဆိုးမျက်နှာကြောင့် ဗိုက်တောင်အောင့်လာသလိုပင်။

စိတ်ထဲမှလည်း ဤသို့တွေးမိပြန်၏။

[ အင်းပေါ့ ဟုတ်တာပ မှန်တာပ... ခင်ဗျားကျိန်စာတိုက်တဲ့အတိုင်း ကျုပ်သေမသွားသေးဘူးလေ ]

သို့သော်ငြား သူသည် အန်းတင့်အမတ်မင်းဘွဲ့တော်ရ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လို့နေသည် မဟုတ်ပါလော... စိတ်အလိုလိုက်ကာ ပြီးစလွယ်တုန့်ပြန်ပြောဆို၍ ပြဿနာရှာလို့ရသူ မဟုတ်ပါချေ။ အနည်းဆုံးတော့ မျက်နှာမပျက်ရုံမျှတော့ ဆက်ဆံပြောဆိုသင့်ပေသည်။ ထို့ကြောင့် ထိုအခိုက်တွင် ကုယွင်က ခပ်ဖွဖွခေါင်းညိတ်ရင်း အေးဆေးစွာဖြင့် ပြောလိုက်သည်။

" အားလုံးက ဆရာတော်ရဲ့ မေတ္တာပို့သမှုတွေကြောင့်ပါ "

အနှီ ရှင်းလင်းကြည်စင်နေသောမျက်နှာဖြူဖြူချောချောနှင့် ဘုန်းကြီး လျောင်ရန်သည်လည်း အတူတူနှုတ်ဆက်လိုက်ပြီး မျက်နှာတွင် ပြုံးပန်းဝေဆာလျှက် ဘာသံမှမထွက်ပေ။ ကုယွင်ကတော့ မထိန်းချုပ်နိုင်စွာပင် ထိုသူကို တစ်ချက်ခန့် ထပ်ကြည့်လိုက်မိပြန်သည်။

ဆရာတော်လျောင်ချီက ရှင်းပြလာသည်။

" အမတ်မင်း ဗွေမယူပါနဲ့နော်... ဆရာတော်ရဲ့ဟောသည် ဆရာတူညီလေးက လူ့အကြောနောကျေသူဖြစ်ပြီး ဘုရားဆုံးမတော်မူတဲ့ တရားတော်တွေကို ဆည်းပူးလေ့လာရာမှာတော့ ပါရမီရှိလှပါတယ်... ဒါပေမဲ့ နှမြောဖို့ကောင်းစွာနဲ့ ဝစီပိတ်တရားဒေသနာတွေကိုပဲ ကျင့်ကြံဖို့ မွေးဖွားလာရပါတယ် "

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now