{၅၃}

663 110 15
                                    

အခန်း {၅၃}

စိတ်သက်သာရာရခြင်း

ချန်ကန်းသည် အသွားတုန်းကတော့ ခြေလှမ်းတိုင်းက တည်ငြိမ်စွာ။ လောကကြီးတစ်ခုလုံးက သူ့လက်ထဲမှာ ရှိနေသည့်ပမာ ယုံကြည်မှုအပြည့်ဖြင့်။ သို့ပေသိ ပြန်ထွက်လာချိန်မှာတော့ ဝိုးတဝါးပုံရိပ်ပမာ လှစ်ကနဲ အရိပ်ပဲ မြင်လိုက်ရသည့်အပြင် သူ့ဘာသာ‌တောင် ဘယ်ခြေနှင့် ထိုအခန်းထဲက ထွက်ပြေးခဲ့သည်လော။ ညာခြေဖြင့် အပြင်သို့ အရင်လှမ်းခဲ့မိသည်လော မသဲကွဲတော့ပါချေ။

ညအချိန်က နွေးထွေးရာမှ တစိမ့်စိမ့် အေးချမ်းလာတော့သည်။ သူ့ရင်ဝတွင် လှိုက်မောနေသော ဝင်သက် ထွက်သက်တိုင်းက အပူမီးလျှံများပမာ။

ချန်ကန်းသည် ဒယီးဒယိုင်ဖြင့်သာ မိမိခြံဝန်းထဲသို့ ရောက်အောင်ပြန်လာလိုက်သည်။ သူက သက်ပြင်းရှည် တစ်ချက်ချလိုက်ပြီး ခြံဝရှိ ဓားရေးလေ့ကျင့်‌ဖော် ရုပ်သေးရုပ်ကို နဖူးအပ်ကာ မှီချလိုက်သည်။

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီမို့ အနှီသံရုပ်သေးရုပ်ကြီးသည်ကား သက်တမ်းကုန်သွားပြီဖြစ်၏။ ယခင်ကလို လူတို့၏ ညွှန်ကြားချက်များကို လိုက်နာဖြည့်ဆည်းနိုင်စွမ်းငှါ မရှိတော့ပြီ။ သို့သော်ငြား ချန်ကန်းက မပစ်ရက်ပေ။ ထို့ကြောင့် သူ့ကို နဂိုမူရင်းပုံစံအတိုင်း မိမိခြံဝတွင် ထားစေပြီး မီးအိမ်လေး ချိတ်ဆွဲကာ အလှဆင်ထားလိုက်သည်။

အေးစက်စက် သံမဏိကြောင့် ချန်ကန်း၏ ပူလောင်အိုက်စပ်နေသော အသွေးအသားများက တမဟုတ်ချင်း ဝပ်ကျလာသည်။ သူက ထိုဘော်ဒါကြီးကို မော့ကြည့်လိုက်သော် သူ ငယ်စဉ်က အဖြစ်အပျက်ဟောင်း အမှတ်တရလေးများ အချို့ကို ပြန်လည် ‌အောက်မေ့မိလာသည်----- အရင်အချိန်တုန်းကပေါ့.. သူက အဲ့ဒီရုပ်သေးရုပ်ကို ခြင်းလေးတစ်ခြင်း ကိုင်ခိုင်းထားပြီး အထဲမှာ မုန့်ချိုလေးတွေ ထည့်လို့ လူတစ်ယောက်၊ ရုပ်သေးရုပ်တစ်ရုပ်ဟာ နေ့စဉ်နေ့တိုင်း ရောင်ခြည်မလင်းခင်ကတည်းက ကုယွင် ခြံဝန်းထဲကို လှုပ်လီလှုပ်လဲ့ဖြင့် ရောက်သွားတတ်ကြကြောင်းကို သူမှတ်မိပါသေးသည်။ ပြီးလျှင် ထိုလူသားပြောပြသည့် တောင်ကနေ မြောက် မပြီးမဆုံးနိုင်သော ရောက်တတ်ရာရာများကို ထိုင်နားထောင်သည်လေ။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now