အခန်း {၁၃၀} ~ အချပ်ပို {၂}

3.1K 276 117
                                    

Unicode>>

အခန်း {၁၃၀} ~ အချပ်ပို {၂}

မိတ်ဆွေဟောင်းမေတ္တာအကြွင်းအကျန်


ကုယွင်သည် နန်းမြို့တော်ကို ပြန်ရောက်ပြီးကတည်းက နှစ်ဝက်နီးပါး အိမ်တံခါးအပြင်ကိုတောင် မထွက်ခဲ့ရပေ။ အစောပိုင်းတွင်တော့ အဆင်ပြေသေးသည်။ အဘယ့်ကြောင့်မူ ထိုကာလအစပိုင်းတွင် သူ့အခြေအနေက အင်မတန် ဆိုးဝါးနေခဲ့သောကြောင့် အကြာကြီး မတ်တပ်ရပ်နေ၍ မရသလို အကြာကြီးလည်း မထိုင်။ မူးနောက်ရီဝေစွာဖြင့် ဆေးတစ်ခွက်မော့သောက်ပြီးလျှင် ထိုနေ့တစ်နေ့တာက ကုန်လွန်းသွားပြီဟုပင် သတ်မှတ်ရမည်။ သို့ရာ ဆောင်းဥတုနှင့် နီးကပ်လာသည့်အချိန်ရောက်သော် သူ့ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ ကုယွင်ဟာ မနေနိုင်၊ မထိုင်နိုင်များ ဖြစ်လာတော့ချေ၏။

မိုးလင်းမိုးချုပ် မအားမလပ် အလုပ်များခဲ့စဉ်ကတော့ သူဟာ နေ့စဉ်နေ့တိုင်း နွေးထွေးနူးညံ့သော အသိုက်အမြုံ၌သာ လူတစ်ကိုယ်လုံး ပျော့ခွေနူးဖတ်သွားသည်အထိ မထ,စတမ်း အနားယူချင်ခဲ့သော်လည်း ယခုကဲ့သို့ တောင်းဆိုထားသော နေ့ရက်များ မလွယ်မကူ ရောက်လာချိန်မှာတော့ သူက အားယားပျင်းရိလွန်း၍ အကျင့်ဆိုးများပင် ပြန်ထွက်လာတော့မည်။

မိုးလင်းကနေ မိုးချုပ်အထိ ဘာအလုပ်မျှ မရှိတော့ အိမ်က ပါးစပ်ပဲ့နေသော အောက်တန်းစားငှက်တစ်ကောင်နှင့်သာ အပြန်အလှန် ဒုက္ခပေးနေရရာ ၎င်းသာလိကာပင် အနှိပ်စက်ခံရလွန်း၍ ပိန်လှီလာပြီး သည်လူ့လောကကြီးကနေ အမြစ်ပြတ်ပျောက်ကွယ်သွားလိုက်ချင်နေတော့လေသည်။

ဧကန္တ တချို့လူတွေဟာ မွေးကတည်းက အိပ်ရာမာမာပေါ်တွင် အိပ်ရန် ကံတရားပါလာပုံပင်။ တစ်ကိုယ်လုံးဟာ အနိမ့်တန်းစား အရိုးများဖြင့် တည်ဆောက်ထားသလား ထင်ရအောင်ကို နူးညံ့ကောင်းမွန်သော ချည်ထည်ပိုးသားအသိုက်အမြုံထဲ၌ အနားယူလှဲလျောင်းတာ ကြာရှည်သွားလျှင် အလိုလိုနေရင်း ခါးနာလာတတ်သည်။

(*မြန်မာအပြောဆို ဆင်းရဲသားကံဇာတာပါတယ်လို့ ပြောကြသလိုပါ။ ကောင်းကောင်းနေရရင်ကို မနေတတ်ဘဲ သူ ပျင်းလွန်းလို့အရည်ထွက်နေပြီ။)

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now