အခန်း{၂၃}
ကြမ်းကြုတ်ရက်စက်သောကျားရိုင်း
ကုယွင်မှာ ဖြေးညင်းစွာ ရင်ဘတ်ထဲမှ လျိုလီမျက်မှန်ကို ဆွဲထုတ်လိုက်ပြီး ဖြောင့်စင်းနေသော နှာတံပေါ်တွင် တင်လိုက်သည်။ ထို့နောက် ချန်ကန်းဘေးအနားသို့ လျှောက်လာပြီး ပြတင်းပေါက်ကို ဖွင့်၍ ထင်ယွမ်းစင်ပေါ်သို့ မျက်လုံးများမှေးကာ လှမ်းကြည့်လိုက်သည်။
ထိုလျိုလီမျက်မှန်ကို ရွှေဖြူဖြင့်လုပ်ထားသော သေးနုပ်သည့် ချိန်းကြိုးလေးဖြင့် စွန်ကုပ်ထားပြီး နားအနောက်သို့ ခပ်စောင်းစောင်းချိတ်ထားလေသည်။ အနှီလျိုလီမျက်မှန်က သူ့၏ မက်မွန်ပန်းမျက်ဝန်းတစ်ဖက်ကို ဖုံးအုပ်ထားပြီး နှာတံဖြောင့်ဖြောင့်ကို ပို၍ လှပထင်ရှားလာစေသည်။ လူတစ်ကိုယ်လုံး၏ အရောင်အဝါဟိတ်ဟန်တို့မှာ ရုတ်ချည်း အေးစက်လို့ လာပြီး အဝတ်အစားများဖုံးထားသော သားရဲတိရစ္ဆာန်တစ်ကောင်အလား အငွေ့အသက်များက ခပ်ရေးရေးထွက်ပေါ်လာပေသည်။
ချန်ကန်းက ကြောင်အအဖြင့် အတော်ကြာအောင် ရပ်ကြည့်နေမိပြီးမှ မေးလိုက်သည်။
" ရိဖု.. ရိဖုတပ်ထားတာက ဘာကြီးလဲ? "
ကုယွင်က သူ့ကို ခေါင်းငဲ့ကြည့်လိုက်ပြီး စနောက်ရင်းဖြေလိုက်သည်။
" အနောက်တိုင်းသားတွေရဲ့ ပစ္စည်းပါ၊ လှလို့လား? သူတို့ဆီမှာ ဒီဟာတပ်တာ ခေတ်စားနေတယ်လေ... ပြီးရင် အပြင်တစ်ပတ်လောက် လမ်းထွက်လျှောက်ပြီး မင်းအတွက် အနောက်တိုင်းသူအမေ တစ်ယောက်လောက် လိမ်ခေါ်လာခဲ့ပေးမယ်.. ကောင်းတယ်ဟုတ်? "
ချန်ကန်း : " ..... "
လင်းယုန်နက်တပ်ဖွဲ့ရှိ တပ်သားလေးတစ်ဦးက ခုဏလေးတင်ဖြစ်ပွားသွားသော လေးပင်သွားသည့် အနေအထားအငွေ့အသက်များကို သတိထားမိသဖြင့် သွက်လက်စွာ ဝင်ပြောလိုက်သည်။
" သေနာပတိချုပ်ကြီး...သေနာပတိချုပ်ကြီး ကိုယ်တိုင်ကလည်း အဖေအရင်းမဟုတ်ဘဲနဲ့ကိုဗျာ "
ကုယွင်က လွတ်လပ်ပေါ့ပါးကာ ထီမထင်ဟန်ဖြင့် ရယ်မောလိုက်လေသည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။