{၃၄}

627 83 15
                                    

အခန်း {၃၄}

အမှားအမှန်

ချောင်နျန်ဇစ်မှာ ခြောက်ချောင်း‌မြောက်သော့ဖြင့် စမ်းဖွင့်လိုက်သော်မှ သံအကျဉ်းထောင်၏ တံခါးကပွင့်လာလေသည်။

" မြန်မြန်.. မြန်မြန်ထွက်ခဲ့ကြ "

အတွင်းမှလူအပေါင်းက ထိတ်လန့်တကြားတွေ ဖြစ်ကုန်ကြပေ၏။ သူ့လက်ထဲတွင်လည်း သံတုတ်တစ်ချောင်းကိုင်ထားသည်ကိုတွေ့ရာ အားလုံးက တစ်စုတစ်စည်းတည်း နောက်သို့ဆုတ်ပြေးကြလေသည်။

အကျဉ်းထောင်ထဲရှိ ခေါင်းဆောင်ဖြစ်သူ လူကြီးတစ်ယောက်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အနားကပ်လာပြီးပြောသည်။

" စစ်သူကြီးလေး.. ကျွန်တော်တို့က သူပုန်တပ်က ဖမ်းခေါ်လာတာခံရတဲ့ စက်ပြင်ဆရာတွေပါဗျာ.. သူတို့နဲ့အတူ ပုန်ကန်မဲ့သူတွေ မဟုတ်ရပါဘူးနော်..။ စစ်သူကြီးလေး ကျေးဇူးပြုပြီး အမတ်မင်းကုကို တင်ပြပေးပါဗျာ "

ချောင်နျန်ဇစ်က သံတုတ်ကို ကိုယ်နောက်သို့ ဖွက်လိုက်ပြီး ဆိုလိုက်၏။

" ကျွန်တော်တို့ လူကြီးမင်းက အကုန်သိပြီးသားပါ.. အခုက အားလုံးရဲ့အကူအညီလိုအပ်နေတဲ့ ကိစ္စတစ်ခုရှိသေးတယ် "

ထို့သို့ဖြင့် အနှီချောင်ကျသောနေရာက လှေငယ်လေးပေါ်မှ သနားစဖွယ် စက်ပြင်ဆရာအဖွဲ့လိုက်ကြီးသည် အချင်းချင်း အပြန်အလှန်ကူညီဖေးမရင်း ပင်လယ်ထဲသို့ ခုန်ချကာ အရပ်လေးမျက်နှာသို့ အတုန်းအရုန်း ကူးခတ်သွားကြတော့သည်။ ထိုစဉ် သင်္ဘောကုန်းပတ်ကြမ်းပြင်ပေါ် ခြေနင်းသံပြင်းပြင်း ကြားလိုက်ရသည်။ ထို့နောက်တော့ အစောင့်တပ်သားက အင်းအင်းအဲအဲဖြင့် နိုးလာကစဖြစ်သော်လည်း ထပ်မံ၍ တုတ်စာမိကာ မေ့လဲသွားပြန်တော့သည်။

ချောင်နျန်ဇစ်က ကိစ္စဆောင်ရွက်အောင်မြင်သွားပြီးနောက် လက်နှစ်ဖက်ကို ခါးတွင်ထောက်လျက် ဤသို့စဉ်းစားလေသည်----

ချောမောလှပတဲ့ယောကျ်ားလေးတွေ မေ့လဲသွားပြီဆိုရင် ကျောက်စိမ်းတောင်ပြိုလဲသွားသလဲ အဖိုးတန်လှပကြည့်ကောင်းနေပြီး.. ရုပ်ဆိုးတဲ့ယောကျ်ားတွေ မေ့လဲတော့ ဘာကြောင့် မျက်ဖြူလန်ပြီး လည်ပင်းကြီးလိမ်နေရတာလဲ?

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now