{၄၃}

1.1K 112 11
                                    

အခန်း {၄၃}

တောင်သမုဒ္ဒရာ

နန်ကျန်းဓားပြခေါင်းဆောင် ကျင့်ရွှီးသည် မူလအစက လုံးဝဥဿုံ သံသယဝင်မိခြင်း မရှိခဲ့ချေ။ သူသည် သတင်းလာပို့သော "နန်ကျန်းစစ်တပ်မှတပ်သား" နှင့်လိုက်လာပြီး ဖုကျစ်ချန်ကို ကယ်ဆယ်ရန် ထွက်လာခဲ့လိုက်သည်။ သွားရင်းသွားရင်းနှင့် ထိုအတွေ့အကြုံပြည့်ဝ လည်ဝယ်လှသော ဓားပြခေါင်းဆောင်က ပြဿနာတစ်ခုရှိနေသည်ကို သွားသတိထားမိ၏---- ထိုလမ်းပြခေါ်ဆောင်သွားသောလူသည် သူတို့အား သူတို့မကြာခဏ "ခေါင်းလောင်းတီးခြင်း" ဟုခေါ်သောနေရာသို့ ခေါ်ဆောင်သွားနေခြင်းပင်။

ရှီးနန်တောတောင် တစ်ဝိုက်၌ ထိုသို့သော နေရာများကို မကြာမကြာတွေ့ရတတ်သည်။ မြေအနေအထား ရှုပ်ထွေးလွန်းပြီး သဘာဝအလျောက် ဝင်္ကပါတစ်ခုဖြစ်နေသည်။ ထိုနေရာ၌ ကြီးပြင်းသော မြွေပါး(လူ)များသာလျှင် ဝင်သွားပြီနောက် ထွက်လမ်းကိုပြန်ရှာနိုင်သည်။ သို့မဟုတ်ပါက မည်သူမဆို မြောက်အရပ်ကိုတောင် ရှာမတွေ့နိုင်၍ ပြန်မထွက်လာတတ်တော့ချေ။ မြေပေါ်တွင် တွင်းပေါင်းများစွာရှိနေပြီး ထိုတောထဲတောင်ထဲတွင် နေထိုင်သူများသာ ချုံခိုတိုက်ခိုက်ရန် လက်နက်ပုန်းများ ဖွက်ထားပါက တုနှိုင်းယှဉ်မရအောင် အစွမ်းထက်ပါပေမည်။

ဓားပြများသည် ပုံမှန်အားဖြင့် တစ်ဖက်လူတို့ကို ထိုဝင်္ကပါနှယ်တောင်ထဲသို့ ကျရောက်စေပြီး လမ်းပိတ်ကာ လုယက်သတ်ဖြတ်ကြသည်။ သည်လိုနေရာမျိုး၌ လုယက်လျှင် တစ်ယောက်ကိုလုယက်လျှင် တစ်ယောက် မိမိရရ အပိုင်ဖမ်းနိုင်လေသည်။ ထို့ကြောင့် ၄င်းနေရာကို ပြည်သူများကြားရှိ နာမည်ကျော် အထိုးအကြိတ် လက်ဝှေ့သမားများအား စုစည်းကုန်ကူးသူများနှင့် သိုင်းလောက ဂိုဏ်းအသီးသီးအပေါ်တွင် အများဆုံး အသုံးပြုသည့်နေရာဖြစ်၏။ သူတို့စကားနှင့်ဆို "ခေါင်းလောင်းတီးခြင်း" ဟုခေါ်သည်။

ကျင့်ရွှီးသည် ဖုကျန်ချန်အား ကူညီရန် အလောတကြီးထွက်လာမိသော်လည်း ခေါင်းကတော့ ကြည်လင်ရှင်းလင်းနေသည်။ တဖြည်းဖြည်း နီးကပ်လာသော် ထိတ်လန့်အံ့သြစွာဖြင့် သတိထားမိလိုက်သည်။ ဤနေရာကား "ခေါင်းလောင်းအဖုံး" နားသို့ရောက်နေချေပြီ။ သူသည် အနောက်မှလိုက်လာရင်း ချွေးအေးများထွက်လာသည်။ ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လမ်းပြခေါ်ဆောင်လာသော "နန်ကျန်းစစ်တပ်မှတပ်သား" ကို သံသယဖြင့် မေးမြန်းလိုက်သည်။ ထိုအခါ နှစ်ခွန်းသုံးခွန်းလောက် မေးရုံဖြင့်တောင် ဖရိုဖရဲ ဟာကွက်များ များစွာထွက်ပေါ်လာတော့သည်။ ထိုလမ်းပြသော တပ်သားက ပြန်လည်တိုက်ခိုက် အန္တရာယ်ပြုလိုသော်လည်း ဓားပြ ခုနှစ်ယောက် ရှစ်ယောက်က ဝိုင်းချုပ်လိုက်ရာ နောက်ဆုံးတော့ အဆိပ်သောက်ကာ သတ်သေသွားတော့၏။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now