{၄၄}

855 96 9
                                    

အခန်း {၄၄}

ယှဉ်ပြိုင်ခြင်း

လင်းယုန်နက်၏ စကားတစ်ခွန်းက ကုယွင်အား အိပ်စက်ရာမှ နိုးလာခါစ စိတ်ကို ကြည်လင်သွားစေသည်။

" လင်းယုန် "

သူက ခပ်တိုးတိုး ပြန်မေးလိုက်သည်။

" မင်း အကြည့်မမှားတာသေချာလား? "

လင်းယုန်နက် : " ကျွန်တော်မျိုးကိုယ်ပေါ်က ခေါင်းနဲ့ အာမခံရဲပါတယ်ခင်ဗျ.. သေချာပါတယ် "

"လင်းယုန်" ဟူသည် တပ်မမျိုးစုံကြားထဲတွင် အထူးခြားဆုံး တပ်ရင်းကြီးတစ်ခုဖြစ်သည်။ သူက ဆီစား အသက်သာဆုံး မဟုတ်သော်လည်း ထိန်းသိမ်းပြုပြင်ရန် အလွန်ခက်ခဲသည်။ လင်းယုန်နက်များကို နှစ်စဉ်နှစ်တိုင်း လင်ရှူးကျောင်းတော်မှ သီးသန့် အဖွဲ့တစ်ခု ဖွဲ့စည်း၍ လာရောက် ထိန်းသိမ်း ပြုပြင်ပေးကြလေသည်။ ၄င်းစရိတ်များ အကုန်စုပေါင်းလိုက်လျှင်မူ သေချာပေါက် လေးလံသော သံချပ်ကာဝတ်စုံများထက်တော့ စျေးလျော့လိမ့်မည် မဟုတ်ချေ။ နှိုင်းယှဉ်ကြည့်ရလျှင် လေးလံသော သံချပ်ကာသည် မကြာမကြာ တွေ့နိုင်သည့်အထဲ ပါသည်။ စစ်တပ်တိုင်းတွင် အကန့်အသတ်နှင့် ထားရှိပြီး ခွိုင်လန်ထူရဲ့ အစောင့်ရဲမက်တွေထဲမှာတောင် လေး ၊ ငါး ၊ ဆယ်စုံရှိနေသေးသည် မဟုတ်လား။ သို့သော်ငြား မျက်လုံးမျက်ဆန်ပြူး၍ မဟာလျန်ပြည်တစ်ခွင် ပြဲပြဲစင်အောင် ရှာကြည့်လျှင်တောင် ပုံပန်းသဏ္ဌာန်ကျကျ "လင်းယုန်တပ်ရင်း" ဟူသည်ကား ကုယွင်၏ 'လင်းယုန်နက်တပ်ရင်း' တစ်ခုသာ ရှိပေသည်။

သည်တောဓားပြတွေက လင်းယုန်ကို ဘယ်ကနေရလာတာလဲ?

သံနက်တပ်ရင်းကနေ ခိုးထားတာတဲ့လား!

ကုယွင်က ရုတ်ခြည်း မတ်တပ်ထရပ်ကာ ခြေလှမ်းကျဲကြီးများဖြင့် အပြင်ထွက်လာသည်။ ရှင့်ကျစ်လင်က ဓားပြတစ်သိုက်မှာ အင်မတန် ကြောက်လန့်စိတ်လှုပ်ရှားနေကြ၏။ ကိုယ်ပေါ်ရှိ သံချပ်ကာ ချပ်ဝတ်တန်ဆာများကို ချွတ်ကာ ကြိုးတုပ်နှောင်ထားခံရသော ဖုကျစ်ချန်သည်လည်း ၄င်းတို့ကြားတွင် ဒူးထောက်လျက်ရှိသည်။ သူက ကုယွင်ကို မြင်သည်နှင့် အသံမြှင့်လို့ ကပျာကယာထအော်သည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now