အခန်း {၄၉}
အာခံခြင်း
ကုယွင်သည် ကပျာကယာဖြင့် ဝတ်ရုံဝတ်ဆင်ကာ အခန်းအပြင်ဘက်သို့ ထွက်ခဲ့သည်။ သို့ပေသိ ချန်ကန်းက သူ့အခန်းအပြင်ဘက်၌ ရှိနေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။ ချန်ကန်းက မအိပ်သေးဘဲ သူ့အခန်းအပြင်မှာ။ ကြည့်ရတာ အခုလေးတင် အပေါ်ထပ် ဝတ်ရုံထပ်ဝတ်ထားပုံလည်းရသည်။ လက်ထဲတွင် ပဲစေ့အရွယ်သာရှိသော ရေနွေးငွေ့မီးအိမ် အသေးလေး တစ်လုံးကို ကိုင်ထားသည်။ ဒူးထက်၌ ကြည့်လက်စ တစ်ဝက်ခန့်ရောက်နေပြီဖြစ်သော စာအုပ်ကလေးကို တင်ထားသေး၏။
အပြင်ခန်းငယ်ဟူသည်ကား အိမ်တော်များရှိ ညအချိန်တွင် အစေခံများက အဆင်သင့်ပြုစုခစားနိုင်ရန် နေရသည့် အခန်းမျိုးဖြစ်သည်။ ကုယွင်က ရိုးရိုးရှင်းရှင်း နေထိုင်လာတာ ကြာပြီမို့ ညဘက်တွင် အစောင့်မထားပေ။ ရံဖန်ရံခါမှသာ အိမ်တော်ထိန်းကြီးက ညလယ်လောက် တစ်ခါလာပြီး အခန်းထဲက မီးဖိုကို မီးထိန်းညှိပေး၊ မီးစာထည့်ပေး လုပ်တတ်သည်။
" ချန်ကန်း? "
ကုယွင်က အံ့အားသင့်စွာခေါ်လိုက်သည်။
" မင်းက ဘယ်လိုလုပ်ပြီး ဒီမှာရှိနေတာလဲ? ငါက ဦးလေးဝမ်ထင်နေတာ...... "
ချန်ကန်း : " ကျွန်တော် ရိဖုအိပ်ပျော်သွားမှ ပြန်မလို့ပါ "
" မင်းလို မြင့်မြင့်မြတ်မြတ် မဟာနွယ်ဖွား ကျောက်စိမ်းခက်တင် ကျွင့်ဝမ်တစ်ပါးက.... "
ကုယွင်က မျက်မှောင်များကြုတ်ကာ မကြိုက်သည့်ပုံဖြင့် ပြောသည်။
" ဒီလို အစေခံတွေ နေတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးနေနေတာ ဘယ်လိုလုပ်သင့်တော်မှာလဲကွ "
" ပကာသနတွေပါ.... ရိဖုကို ပြုစုစောင့်ရှောက်ပေးရတဲ့ အစေခံဘဝမျိုးကမှ အများကြီးသာပါသေးတယ် "
ချန်ကန်းက ခြောက်ကပ်ကပ်ဖြင့် ပြောသည်။ သူက မီးဖိုလေးပေါ်တွင် နွေးပေးထားသော ကရားအိုးငယ်လေးကို လှမ်းယူလိုက်ပြီး အထဲက ဆေးလက်ဖက်ရည်ကြမ်းကို ငှဲ့ကာ ကုယွင်ကို လှမ်းပေးလိုက်သည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။