{၆၄}

683 108 36
                                    

စိတ်အေးအေးထားပြီး ဖတ်ကြနော်။

အခန်း {၆၄}

အဆုံးစွန်သောလမ်းဆုံး

ဖုန်မှုန့်များနှင့် ကြွေးကြော် အော်ဟစ်သံများက အရပ်လေးမျက်နှာမှ လှိုက်တက်လာသည်။ မြို့တော်အနောက်ဘက်ရှိ ဇစ်လျိုကျင်း မီးတောက်မီးလျှံ၏ အပူရှိန်သည်ကား အဆတ်မပြတ် မြင့်တက်နေပေ၏။ ထိုအပူရှိန်သည် တဖြည်းဖြည်းနှင့် လူကို ကင်ထားမတတ် ပူ‌လောင်လာစေကာ လူတစ်ကိုယ်လုံးကို ချွေးဖြိုက်ဖြိုက် ကျလာစေ၏။ အ‌ဝေးတစ်နေရာမှ လင်းယုန်စစ်သည်တပ်ဖွဲ့များ ပျံသန်းနေရင်း စူးရှရှအော်မြည်နေသည့်အသံများ အာကာယံထက်တွင် ပျံ့လွင့်လာသည်။ ကျင့်ခုန်းကွန်ယက်က အစွမ်းမပြယ်သေးသော်ငြား အနောက်တိုင်းသားတို့က ထပ်မစောင့်နိုင်တော့ပေ။ ထို့ကြောင့်မို့ မရေမတွက်နိုင်သော လင်းယုန်စစ်သည်တို့၏ အသက်နှင့်ရင်း၍ စမ်းသပ်ကြည့်နေကြခြင်းပင် ဖြစ်၏။

ဤအ‌နောက်တိုင်းသား စစ်တပ်တစ်အုပ်ကိုကား ကုယွင်က တစ်လကျော်မျှ အချိန်ဆွဲထားခဲ့ပြီး ဖြစ်ချေသည်။ ထို့အပြင် မြို့တံခါးမုခ်ကြီး ကိုးခု၏ အကာအကွယ်နှင့် ကျင့်ခုန်းကွန်ယက်တို့၏ တားဆီးခုခံမှုအောက်တွင် တစ်နေ့တစ်နေ့ ဆုံးရှုံးနစ်နာကာ အလဟဿ ဖြစ်ရမှုနှုန်းထားက အလွန်ကြီးမားလေသည်။ သို့အတူ နေ့တိုင်းနေ့တိုင်း ဆုံးရှုံးသွားရပါသော အင်အားများအလိုက် ဝေးလံခေါင်ဖျားရှိ အနောက်တိုင်းသားများ၏ မိခင်တိုင်းပြည်ကြီးသည်ပင်လျှင် ဤသို့ဆယ်နှစ်ကြာ ကြိုတင်ကြံစည်ခဲ့သော အကြံအစည်ကြီး အထမ‌မြောက်နိုင်သေးမှုအပေါ် ဖြည်းဖြည်းချင်း သည်းခံနိုင်စွမ်းတို့ ကုန်ဆုံးလာနေပေ၏။

ချန်ကန်းက ဆရာတော်လျောင်ရန်ကို လှမ်းဆွဲဖမ်းကာ လျင်မြန်စွာ ပြောလိုက်၏။

" ကျွန်တော်ပြောတာကို နားထောင်.. အဲ့သည်လူက အစေခံတို့ ၊ နန်းတွင်းသူတို့ လုံးဝ မဖြစ်နိုင်ဘူး.. လီဖုန်းအနားမှာ ရှိတဲ့လူတွေ အကုန်လုံးကို ကျွန်တော်တို့ သေချာစစ်ထုတ်ပြီးသွားပြီ.. ပြီးတော့ *အရင်မင်းဆက်တုန်းကလည်း ကျွန်တစ်ယောက်ကြောင့် ပြည်ပျက်ခဲ့ရတာဖြစ်လို့ ကျွန်တော်တို့ ခေတ်ရဲ့ မင်းဆက်တစ်လျှောက်လုံး မိန်းမစိုးတွေလက်ထဲ ဘာအာဏာမှ ဝါးကွပ်အပ်မထားဘူး.. အရှင်မင်းမြတ်အနေနဲ့လည်း ဘယ်လိုနည်းနဲ့မှ မိန်းမစိုးတစ်ယောက်လက်ထဲ ကျင်ဟွားဥယျာဉ်ကို အပ်ရတဲ့အထိ ရူးကြောင်နေမှာ မဟုတ်ဘူး........ ပိုပြီးတောင် မဖြစ်နိုင်တာက မင်းမှုထမ်းအရာရှိတွေပဲ------ ဟန်ချီနန်းတော်ထဲကနေ ထွက်သွားတဲ့ သတင်းပျံ့သွားကတည်းက ညီလာခံတစ်ခုလုံးက လူတွေ ကြောက်ရွံ့ထိတ်လန့်ပြီး စိတ်နှလုံးညှိုးငယ်နေကြတယ်.. အားလုံးက ဒါ အရှင်မင်းမြတ် ထွက်ပြေးတော့မှာပဲလို့ ယူဆနေကြတာ.. ဒါပေမယ့် လီဖုန်းက လုံးဝကို တောက်လျှောက် တုတ်တုတ်မှ မလှုပ်ခဲ့ဘူး.. သူက ဟန်ချီပြန်ရောက်တော့မယ်ဆိုမှ သူကိုယ်တိုင်လာပြီး ဒီသတင်းကို ကျွန်တော့်ကို ပြောပြသွားတာ.. သူ့မှာ ကျွန်တော့်ကို အရိုက်အရာ လွှဲပေးဖို့ ဆန္ဒရှိတယ်ဆိုရင်တောင်..... "

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now