{၂၀}

1.1K 113 12
                                    

အခန်း {၂၀}

နည်းနိဿယများကိုလက်ဆင့်ကမ်းသင်ကြားပေးခြင်း

အံ့အားသင့်ထိတ်လန့်သွားရသည့် အကြောင်းအရင်းမှာ သူ့၏ အခန်းအပေါက်ဝတွင် လူတစ်ယောက်နီးနီးမြင့်သော သံထည်ရောင်းရင်းကြီးတစ်ခု ရှိနေသောကြောင့်ပင်။ သံနက်ခေါင်းဆောင်းကြီး၏အောက်ရှိ ပဲစေ့အရွယ် မျက်လုံးဝိုင်းနှစ်လုံးကို မြင်နေရသည်။ မျက်လုံးထဲတွင် ဇစ်လျိုကျင်းလောင်ကျွမ်းချိန်၌သာ ထူးထူးခြားခြား မြင်ရသော ခရမ်းပုပ်အရောင်က လင်းလက်နေသည်။ ကြည့်လိုက်ရုံဖြင့် အလွန်အမင်းထိတ်လန့်စရာကောင်းနေပြီး ကုယွင်၏ ညလည်သရဲတစေ္ဆ ပုံပြင်ဇာတ်လမ်းအတွက် ပထမဦးစားပေး သရဲဇာတ်လိုက်လုပ်လို့ပင် ရချေတော့မည်။

အနှီသံထည်ရောင်းရင်းကြီးသည် အရှေ့တူရှုတည့်တည့်ကိုသာ ကြည့်နေပြီး ၄င်းမှာ ချန်ကန်း၏ဦးခေါင်းထိပ်ကို ကျော်၍ သူ့အနောက်ဘက်ကို စိုက်ကြည့်နေခြင်းသာ။ ၄င်းမှ မြှောက်လိုက်သော ပန်းကန်လုံးတမျှကြီးသော လက်များသည်လည်း တံခါးကို သစ်တောက်ငှက်ကဲ့သို့ တဒေါက်ဒေါက်ခေါက်နေသည်။ မပြီးနိုင်မစီးနိုင်။ တကယ်ကို မရပ်မနားတမ်းခေါက်နေခြင်းဖြစ်သည်။

ချန်ကန်း၏လွင့်ထွက်သွားသော လိပ်ပြာငယ်လေးသုံးကောင်နှင့် ဝိညာဉ်ခုနှစ်ပါးမှာ လေဟာနယ်ထဲ၌သာရှိသေးပြီး သွက်သွက်ခါအောင်ရူးသွပ်သွားခြင်း သရုပ်ကို ပြနေသည့်နှယ် ကပြ တင်ဆက်နေပေသည်။ စိတ်အာရုံကို စုစည်း၍ ရှင်းလင်းနိုးကြားအောင် မလုပ်နိုင်သေးသည့် အိပ်ရာထခါစ၌ ဤကဲ့သို့သောမြင်ကွင်းကို မြင်လိုက်ရသော ချန်ကန်းအဖို့ တစ်ညလုံးလှဲလျောင်း အနားယူရခြင်းမရှိသေးသော ကြက်သီးမွေးညင်းများက ထပ်မံ၍ ပို၍ ထောင်မတ်လာတော့သည်။

ချန်ကန်းသည် အသက်ဝဝရှုသွင်းလိုက်ပြီး လျှင်မြန်သွက်လက်စွာ အ‌နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး တံခါးဝရှိ ခါးဆောင်ဓားကို တစ်ချက်တည်း ဆွဲဖြုတ်လိုက်သည်။

ထိုအချိန်မှာပဲ ကုယွင်က သံထည်ရောင်းရင်းကြီး၏ အနောက်မှ ခေါင်းလေးပြူထွက်လာပြီး တက်ကြွပျော်မြူးစွာဖြင့် မေးပေ၏။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now