အခန်း {၁၀}
ကုယွင်
ချန်ကန်း၏ သွားနှင့်နှုတ်ခမ်းသားများကြားတွင် မည်သည့်နေရာ၌သွေးထွက်နေသည်မသိ အသာအယာလျက်လိုက်ရုံဖြင့်ပင် သွေးအရသာခပ်ချိုချိုကို ခံစားမိသည်။
ကောဖန့်ရှောင်သည် အနည်းငယ်သာ ပြေးရသေးသော်လည်း အသက်ရှုရပ်တော့မတတ် မောပန်းနေလေသည်။ သို့သော် အနှီဝတုတ်ကလေးသည် အခြေအနေနှင့်အချိန်အခါကို သိတတ်လှသည်။ သူသည် လုံးလုံးလျားလျား ချန်ကန်းအကျႌလက်ကိုဆွဲကိုင်ထားပြီး မလွှတ်ပေ။ ကိုင်ထားသည့်လက်ထဲတွင် ချွေးအေးစီးကာကျပြီး စေးကပ်နေသည့်တိုင် အသန့်ကြိုက်သော ချန်ကန်းသည် သူ့အားဆွဲဖယ်ထုတ်ရန်မအားလပ်ပေ။ လူငယ်လေးနှစ်ယောက်သည် လမ်းဆုံးတွင်ပိတ်မိနေသည့် သားရဲ အကောင်ငယ်လေးများ သဏ္ဌာန်ဖြစ်နေပြီး လွတ်လမ်းမရှိသော လမ်းထဲတွင် မိမိတို့၏ နုနယ်သော အစွယ်တုံးတုံးကို ခက်ခက်ခဲခဲထုတ်ပြနေရသည့်နှယ်ပင်။
လမ်းသွယ်လေး၏ လမ်းဆုံးတွင်ရှိသော လူက လက်ကိုမြှောက်လိုက်ပြီး မျက်နှာဖုံးကို နဖူးပေါ်သို့တင်လိုက်ကာ ခန့်ညားချောမောလွန်းသည့် မျက်နှာသွင်ပြင်ကို လှစ်ဟပြလိုက်သည်။
သူ၏မျက်နှာက သွယ်လျသည်။ မျက်ဝန်းအိမ်နက်နက်ထဲတွင် အရိပ်မည်းတစ်ခုခုရှိနေသယောင်ပင်။ ကျယ်ပြောရှည်လျားလှသည့် အလယ်ပိုင်းဒေသမြေပြင်ကြီးကို မြင်နေရသဏ္ဍာန်လည်းရှိသည်။ သူ၏အကြည့်များကို ချန်ကန်းကိုယ်ပေါ်သို့ ပို့လိုက်သောအခါ အဓိပ္ပါယ်ဖော်ရန် ခက်လောက်အောင်နက်နဲရှုပ်ထွေးနေဟန် ပေါ်ပြန်သည်။ အနည်းငယ်သတိရနေပုံလည်း ပေါက်နေပြန်ပြီး မိမိကိုယ်ကိုအထင်ကြီးသည့် ဟန်ပန်လည်းရှိနေသေးသည်။ ထိုအရာများပေါင်းစပ်ကာ ထိုသူသည် အလွန်ပင်မေတ္တာတရားပြည့်ဝသူနှင့်တူသွားစေသည်။
နှမြောဖို့ကောင်းစွာပင်... ဤမေတ္တာတရားက ပါးလွှာလွန်းသည်။ အဆုံးသတ်တော့ နေ့စဉ်ရက်များစွာ နက်နက်ရှိုင်းရှိုင်း နေရာယူထားခဲ့သည့် အမုန်းတရားကသာ ဖုံးလွှမ်းသွားရသည်။ မြို့ပြင်ရှိအဆုံးမရှိသောနှင်းထုကြီးထဲတွင် နှစ်မြှုပ်ထားသော ကြိုးနီလေးတစ်မျှင်နှင့်တူသည်။ တည်ရှိနေပါသော်လည်း ခြေရာလက်ရာမကျန်အောင် မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားရသည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။