{၆၅}

1K 127 43
                                    

အခန်း {၆၅}

ပြန်လည်ရှင်သန်ခြင်း

[ အရှေ့အခန်းရဲ့ခေါင်းစဉ်ဖြစ်တဲ့ 'အဆုံးစွန်သောလမ်းဆုံး' နဲ့ ဒီအခန်းရဲ့ ခေါင်းစဉ် 'ပြန်လည်ရှင်သန်ခြင်း' က လေးလုံးတွဲ Idiom 绝处逢生 (ကျွယ်ချု့ဖုန်ရှန်း) ရဲ့ တစ်ဝက်စီပါ။ ကျွယ်ချု့က 'အဆုံးစွန်သော လမ်းဆုံး' ရောက်နေတဲ့အခြေအနေဖြစ်ပြီး ဖုန်ရှန်းက အဲ့လိုအခြေအနေကနေ လွတ်မြောက် 'ပြန်လည်ရှင်သန်' လာနိုင်တာဖြစ်ပါတယ်။ ]

_______

ထို့နောက်အခိုက်အတန့်မှစ၍ လေးလံသော သံချပ်ကာဝတ် စစ်သည်တော်များက စတင်လှုပ်ရှားကြတော့၏။

ပြိုပျက်လုဆဲဆဲ မြို့တံတိုင်းကြီးသည် ထိုတညီတညာတည်းသော ခြေလှမ်းနှင့် ရှေ့တန်းသို့ ချီတက်သွားသော တပ်မတော်ကြီးကြောင့် တသိမ့်သိမ့် တုန်ခါမြည်ဟည်းလာသည့်နှယ်။ သံနက်တပ်ရင်း၏ မည်းနက်နေသော သံချပ်ကာများသည် သူတို့ထံမှထွက်သော အဖြူရောင် ရေနွေးငွေ့များကြား ဆုံးဆုံးမြုပ်ကာ ပျောက်ကွယ်နေသည်။ သူတို့သည် ရန်သူ့တပ်ထဲသို့ ပင်လယ်ပြင်ကို ဦးတည်၍ စီးဝင်သွားသော မီးလျှံညီးသည့် ရေစီးပမာ တိုးဝင်သွားလေ၏။

ပထမတစ်သုတ် လေးလံသော သံချပ်ကာ စစ်သည်တို့သည် မည်သည့်အရာကိုမဆို ပိတ်ပင်တားဆီးကာ ဖြတ်တောက်နိုင်ပါသော ဓားသွားများပမာပင်။ လေဝဲသဖွယ် လျင်မြန်ဖျတ်လတ်စွာ တိုးဝင်သွားပြီး ရန်သူ့ဘက်သို့ အလုံးအရင်းနှင့် ဝင်တိုက်ကြတော့၏။ ဖောက်ခွဲခံလိုက်ရသောသူတို့၏ ခြေလက်တို့သည် တစ်စစီ လွင့်ပျံ့သွားပါသော်ငြား သံနက်ကိုမူ အဘယ်သို့ ပြင်းပြပူလောင်သော မီးတောက်နှင့်မျှ လောင်ကျွမ်းမသွားစေနိုင်ခဲ့သောကြောင့် ထိုသူတို့၏ ‌ရွှေသေတ္တာ မပျက်စီးသေးသရွေ့ အနှီ ခေါင်းပြတ်၊ ခြေပြတ် အလောင်းကောင်များသည် သံမဏိသံချပ်ကာအတွင်း၌ မားမားမတ်မတ် ဆက်လက် ရပ်တည်နေလျက် ဆက်လက်၍ ရွေ့လျား တိုက်ခိုက်နေဆဲ ဖြစ်လေသည်။ သံနက်သံချပ်ကာ အတွင်းရှိ လူသား အသွေးအသားခန္ဓာကိုယ်က သေဆုံးသွားပြီ ဖြစ်ပါသည့်တိုင် စက်ယန္တရားများ၏ စက်သွားဘီးလုံးများက လည်ပတ်နေဆဲဖြစ်၏။ ဤအခြင်းအရာသည် လူကသေသွားသော်ငြား ဝိညာဉ်တို့က မကျေပွဲနွှဲကာ ဆက်လက်ချီတက် တိုက်ပွဲဝင်နေပါသည့်နှယ် ဖြစ်နေ၏။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now