အခန်း {၇၁}
အခွင့်အာဏာ
ကျန်းဖုန့်ဟန်သည် ခုနလေးတင် ချီးမွမ်းခန်း ဖွင့်နေသော်ငြား အနှီစာအား မြင်သော် အတန်ကြာသည်အထိ ကြောင်အသွားရတော့သည်။ သူသည် မျက်နှာသွေးရောင်များပါ ပြောင်းလဲသွားကာ မေး၏။
" ဒါက ဘာအဓိပ္ပါယ်လဲ? ဒါ..... ဝူးအာကူရဲ့ အန္တရာယ်ဆိုတာက ဘာကြီးလဲ? "
လျောင်ရန်က မျက်မှောင်ကြုတ်လိုက်၏။ ဘယ်ကနေ ဘယ်လို စပြောရမှန်း မသိပါသည့်ဟန်။ ခေတ္တမျှကြာမှ အနည်းငယ် တွန့်ဆုတ်စွာဖြင့် လက်ဟန်အမူအရာ လုပ်ပြ၍ ဆိုလေသည်။
" မြောက်ပိုင်းလူမျိုးတွေရဲ့ အဆိပ်တစ်မျိုးပါ၊ ယန့်ဝမ်အရှင့်သား ငယ်ရွယ်စဉ်အခါက ယန့်ဟွေ့မြို့ငယ်လေးမှာ ရှိတုန်း မြောက်ပိုင်းစုန်းမရဲ့ ဒုက္ခပေးတာကို ခံခဲ့ရတာ၊ ယနေ့အချိန်ထိ ချန်အိမ်တော်မိသားစုက နည်းလမ်းမျိုးစုံရှာဖွေပြီး ကုသနေပေမဲ့ ရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်ခြင်းမရှိသေး........ "
ကျန်းဖုန့်ဟန်က အံ့အားသင့်မယုံနိုင်ဖြစ်သွားကာ ပြောလေသည်။
" သည်လိုကိစ္စမျိုးက ရှိသေးတာလား? သမားတော်စာသင်ကျောင်း တစ်ခုလုံးက လူတွေ အကုန်လုံး သေနေကြတာလား? ဒါ...... "
" ဖုန့်ဟန်ဖိုးဖိုး စိတ်လျော့ပါဦးဗျာ "
တုဝမ်ချွမ်က သူ့အား ဖြတ်ပြောလိုက်သည်။
" လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ပိုးလမ်းမကြောင့် ကျွန်တော်လည်း ရှီးပေတစ်ကြောမှ သွားလာလှုပ်ရှားနေခဲ့ရတော့ လူရိုင်းမျိုးနွယ်တွေရဲ့ စုန်းအတတ်ပညာတွေ အကြောင်း ကြားဖူးနားဝရှိပါတယ်၊ သူများပြောတာ ကြားဖူးတာတော့.. အဲ့သည် ဝူးအာကူ ဆိုတာက လူရဲ့ အသိစိတ်ကို ထိခိုက်ပျက်စီးစေနိုင်တာတဲ့၊ ကြည့်ရတာ စစ်သူကြီးကျုံးက သည်တစ်ချက်ကို ထည့်စဉ်းစားပြီး စိတ်ပူနေတာဖြစ်မယ်၊ အရှင့်သားကို တာဝန်တွေပိပြီး အများကြီး စဉ်းစားတွေးခေါ်ရတာမျိုး ဖြစ်မှာ ကြောက်တာဖြစ်မယ် "
" တိုင်းပြည်ကပ်ဘေးဆိုက်နေချိန်မှာ အန်းတင့်အမတ်မင်းက အရိုးပေါင်းမြောက်များစွာ ကျိုးနေတာတောင် ရှီးပေကို ခရီးနှင်ပြီး အရောက်သွားသေးတာ၊ ယန့်ဝမ်အရှင့်သားက ဘယ်လိုလုပ်ပြီး ကိုယ်လွတ်ရုန်းလို့ နေနိုင်မှာလဲ၊ လူကြီးမင်းတု ပြောပုံက ကြားရသူအဖို့ စိတ်ပျက်အားလျော့ချင်စရာ ဖြစ်နေပါပြီ "
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။