{၃}

1.8K 186 25
                                    

အခန်း {}

ဂုဏ်သတင်းကြီးမားသောစစ်သူကြီး


ရွှီ မိသားစုတွင် မျိရိုးစဉ်ဆက် ဆက်ခံလာသော မြေကွက်များရှိသည်။ ထို့အပြင် စစ်အစိုးရအရာထမ်းလည်းဖြစ်သဖြင့် ဤနယ်စပ်မြို့ငယ်လေးတွင်တော့ အတော်လေးအဆင်ပြေသည့်အိမ်ဖြစ်သည်။ မိသားစုလုပ်ငန်းအသေးစားတစ်ချို့ရှိပြီး အိမ်စေတစ်ယောက်ခေါ်ကာ ထမင်းချက်သန့်ရှင်းရေးစသည်တို့ကို လုပ်စေသည်။

မိုးစင်စင်လင်းပြီး ရွှီအိမ်စေအဖွားအိုကြီးချက်ပြုတ်ပြီးစီးသော အခါတွင်မှ ချန်ကန်းစာဖတ်ခန်းတံခါးကိုလာခေါက်သည်။

" သခင်လေး၊ သခင်မကြီးက သခင်လေးကို သူ့အခန်းထဲမှာ အစားလာ စားမလားလို့ မေးခိုင်းလိုက်တယ်။ "

ချန်ကန်းမှာ အာရုံစူးစိုက်၍ လက်ရေးလှလေ့ကျင့်နေချိန်ဖြစ်ပြီး ထိုစကားသံကြားသောအခါ စုတ်တံကို ခေတ္တရပ်လိုက်ပြီး ပုံမှန်နေ့များကဲ့သို့ပင် ဖြေလိုက်သည်။

" မစားတော့ဘူး၊ သူမက တိတ်ဆိတ်အေးချမ်းတာကို နှစ်သက်တယ်၊ ကျွန်တော်သွားပြီး မနှောင့်ယှက်ချင်ဘူး၊ ကျွန်တော်က သူ့ကို ကျန်းမာပါရဲ့လားလို့ မေးမြန်းလိုက်တယ်လို့ ပြန်ပြောပေးပါ။ "

အဖွားအိုသည် သူ၏အဖြေကို အံ့သြသည့်ပုံမပြပေ။ အနှီသားအမိနှစ်ဦးကြားတွင် မေးတစ်ခွန်းဖြေတစ်ခွန်း စကားပါးခြင်းသည် လူတိုင်းသိနေသည့်ကိစ္စပင်။ ဘာမှစိတ်ဝင်စားစရာမရှိချေ ။

ပြောရရင်လည်း ထူးဆန်းပြန်သည်။ သဘောတရားအရ ရွှီလူကြီးမင်းမှာ ပထွေးသာဖြစ်ပြီး ချန်ကန်းနှင့် ရှို့နျန်ကသာလျှင် သားအမိအရင်းဖြစ်သည်။ သို့သော် အနှီသားအမိသည် ရွှီလူကြီးမင်း အိမ်တွင် ရှိနေသောအခါမှသာ ထမင်းစားပွဲတစ်ဝိုင်းထဲတွင် အတူစုံကြသည်။ အပြန်အလှန်သာကြောင်းမာကြောင်းမေးမြန်းကာ အချင်းချင်းနွေးထွေးအဆင်ပြေနေသကဲ့သို့ပင်။ ထိုလူကြီးမင်းအိမ်တွင် မရှိတော့သည်နှင့် သူစိမ်းများထက်ပင်ပိုစိမ်းသွားပြီး တစ်ယောက်ကိုတစ်ယောက်အရေးမစိုက်ပေ။ ခြံဝင်းတစ်ခုထဲတွင်နေပြီး ချန်ကန်းမှာ အိမ်တံခါးမကြီးမှပင် ဝင်ထွက်သွားလာခြင်းမရှိ။ နေ့စဉ် အိမ်ဝင်းထောင့်ချိုးရှိ ကပ်လျက်ခြံကို ဖြတ်၍အပြင်သွားသည်။ သားအမိနှစ်ယောက်မှာ လဝက်နေလို့ တစ်ခါပင် မျက်နှာချင်းဆိုင်ခြင်းမရှိပေ။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now