{၅၀}

694 99 7
                                    

အခန်း {၅၀}

လူသတ်ချင်လာသည့်နှလုံးသား

အနောက်နန်း‌ဆောင် အနွေးခန်း၏ အပြင်ဘက်ရှိ မီးသွေးမီးဖိုသည် အမွှေးတိုင်တစ်တိုင်ထွန်းစာကြာလျှင် တစ်ကြိမ် သူ့ဘာသာ မီးသွေးထပ်ဖြည့်သည်။ ပန်းကန်လုံးအရွယ်ရှိသော စက်သွားဘီးလုံးများက အပြန်ပြန် အလှန်လှန် ဆက်နွယ် ချိတ်ဆက်ထားပေသည်။ မီးသွေးထပ်ဖြည့်သည်ဖြစ်စေ မီးခိုးမှုတ်ထုတ်သည်ဖြစ်စေ အားလုံးက သူ့အစီအစဉ်နှင့်သူ လုပ်ဆောင်၏။ အနောက်ဘက်မှလည်း ရေနွေးငွေ့အဖြူရောင်အလုံး အဆုပ်လိုက် အဆုပ်လိုက် ပျံ့လွင့်နေသေးသည်။ တစ်ခါတရံတွင် သက်ပြင်းချသံကဲ့သို့သော ခပ်တိုးတိုးကြိတ်ကြိတ်သံများပါ ထွက်လာတတ်သည်။

အနွေးခန်မဆောင်တွင်းဝယ် ထိပ်တိုက်တွေ့နေကြသော ရေမြေ့ရှင်နှင့် မင်းမှုထမ်း နှစ်ဦး... တစ်ဦးက ဒူးထောက်လျက်၊ တစ်ဦးက မတ်တပ်ရပ်လျက်သာ။ လီဖုန်း၏လက်သည် နဂါးကိုယ်ထွင်းဆစ်ထားသည့် စားပွဲ၏ထောင့်စွန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သွေးကြောစိမ်းများ ထောင်ထနေကာ ပေါက်ထွက်တော့မတတ်။ သူက တစ်လုံးချင်း ပြောလာသည်။

" မင်း နောက်ထပ်တစ်ကြိမ် ထပ်ပြောလိုက်စမ်း "

ကုယွင်၏ စကားက ဆုံးသွားပြီဖြစ်သည်။ အခုချိန်မှာ မိမိက ဧကရာဇ်နှင့် တရားလွန်ကြီး အာခံနေရန်လည်း မသင့်ကြောင်းလည်း အသိစိတ်ဝင်လာချေပြီ။ ထို့ကြောင့် အရင်ဦးဆုံး တစ်ထစ်လျော့ပေးလိုက်ကာ ဆိုသည်။

" ကျွန်တော်မျိုး အကြိမ်တစ်သောင်းလောက် သေသင့်ပါတယ် "

လီဖုန်း၏မျက်နှာကား စိမ်းပြာရောင်သမ်းနေချေသည်။ သူ့လက်ချောင်းများကြားရှိ ကျောက်စိမ်းလက်စွပ်အဖြူရောင်ကို ဒေါသတကြီး ပွတ်လှည့်နေသည်။

ကုယွင်က ခပ်တိုးတိုးဖြင့် ထပ်ဖြည့်ပြောလိုက်သည်။

" ဒါပေမဲ့ ပိုးလမ်းမကိစ္စဟာ ဆံချည်တစ်မျှင်ကို ဆွဲလိုက်တာနဲ့ တစ်ကိုယ်လုံးပါလာမဲ့ ကိစ္စဖြစ်တာကြောင့် အရှင်မင်းမြတ်အနေနဲ့ ရေရှည်ကိုကြည့်ပြီး အစီအစဉ်ချစေချင်ပါတယ် "

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now