{၁၇}

931 120 10
                                    

အခန်း {၁၇}

ရေမြေ့ရှင်နတ်ရွာစံခြင်း

ချန်ကန်းနှုတ်မှ ဖခမည်းတော် ဟု လုံးဝ ပြောမထွက်နိုင်ပေ။ လမ်းတစ်လျှောက်လုံးမှာ သူ့ကိုတွေ့သမျှ လူအပေါင်း တစ်သုတ်ပြီးတစ်သုတ်က သူ့အားခိုးကြည့်ကွက်ကြည့်လုပ်နေကြသည်ကိုခံခဲ့ရပြီး ထို့အကြည့်လှိုင်းတံပိုးများအောက် နစ်မွန်းလို့သေတော့မလိုခံစားရသည်။ သို့ရာတွင် ယခုအချိန်ထိတိုင် အနှီနဂါးသလွန်တော်ပေါ်ရှိလူနှင့် မိမိကြားတွင် နီးစပ်ဆင်တူမှုဟူ၍ ဆံချည်မျှင်တစ်ပင်စာပင် ရှိသည်ဟု မခံစားရချေ ။

ကုယွင်က မိမိအနားသို့ကပ်ကာ ခပ်တိုးတိုးလေးပြောပြန်သည်။

" စိတ်ရင်းအမှန်နဲ့ခေါ်ချင်လို့ပဲဖြစ်ဖြစ်.. အတုအယောင်ပဲဖြစ်ဖြစ်ပါ.. မင်းတစ်ခွန်းလောက်ခေါ်ပေးလိုက်ပါကွာ။ "

ချန်ကန်းခေါင်းငဲ့ကြည့်သော် သူ့၏ရိဖုအငယ်လေး၏ မျက်ဝန်းများကို မြင်ရသည်။ အနှီမျက်ဝန်းနှစ်စုံသည် ထုတ်ချင်းပေါက်လုနီးပါး ကြည်လဲ့နေပြီး ကြောက်ဖို့ကောင်းအောင် အေးစက်နေသည်။ မျက်ရည်စကဲ့သိုသော အရိပ်အယောင် စိုးစဉ်းမျှမရှိ --- ဟန်ဆောင်နေသည်လည်းမဟုတ်ဘဲ ဒီအတိုင်း အလွန်တရာ လှပနေပြီး အကြင်နာကင်းမဲ့နေသည်။

အနှီ အမြဲတမ်းလိုလို အကြင်နာတရား ကင်းမဲ့နေသည်ဟု ထင်ရသော ကုယွင်က သက်ပြင်းချလျက် တိုးညှင်းစွာပြောလာ၏။

" ငါက မင်းကို တောင်းဆိုနေလို့သာလို့ သဘောထားပြီးတော့ဖြစ်ဖြစ် ခေါ်လိုက်ပါ.... "

ချန်ကန်း၏ စိတ်ထဲတွင် တစ်ဖက်သူစိမ်းနှင့် မည်သို့ပင် လမိုင်းမကပ် အစပ်အဆက်မရှိဟုတွေးလျက် တင်းခံနေပါစေ ကုယွင်၏ စကားနှစ်ခွန်းကိုကြားရပြီးနောက် လုပ်ပေးသင့်သည်ဟု တွေးမိသွား၏။

[ ငါ ဒီလိုအတုအယောင်မင်းသားကပဲဖြစ်ဖြစ် သူ့ကိုနှစ်သိမ့်ပေးဖို့ ခေါ်တယ်လို့ပဲ သဘောထားလိုက်ပါမယ်လေ ]

သူက မျက်လွှာချ၍ စိတ်ထဲမထည့်ဘဲ အပေါ်ယံခေါ်လိုက်သည်။

" ဖခမည်းတော် "

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now