အခန်း {၄၆}
သေရည်မူးခြင်း
စစချင်းတော့ နှစ်ယောက်စလုံး ဘာမျှမတုံ့ပြန်မိချေ။
ချန်ကန်းက ထူးဆန်းထွေလာဖြစ်လျက် တွေးမိသည်။
[ သူ့ကိုယ်ပေါ်မှာ ဝါးပုလွေအစုတ်တစ်ချောင်းကို ဆောင်ထားပြီး ဘာလုပ်တာလဲဟ? ]
ကုယွင်ကတောင် စိတ်ရှုပ်ရှုပ်ဖြင့် တွေးနေသေးသည်။
[ ဘာကြီးလွင့်ထွက်သွားတာလဲ? ]
ထို့နောက် နှစ်ယောက်လုံးက ထိုရာသီဥတုဒဏ်မပြတ်ခံထားရသောကြောင့် အဖျားပိုင်း၌ ကွဲအက်ရာထင်နေသည့် ဝါးပုလွေလေးအပေါ်သို့ ပြိုင်တူနီးပါး အကြည့်ရောက်သွားကြသည်။
ခေတ္တမျှကြာသော် ချန်ကန်းသည် သူ့လက်ထဲရှိ ပုလွေကို မျက်စိယဉ်နေသလို ခံစားမိလာသည်။ ကုယွင်ကမူ မိုးကြိုးတည့်တည့် အပစ်ခံလိုက်ရသည့်ပမာ ပြန်လည်သတိရမိသွားသည်----- အနှီပစ္စည်း၏ လာရာလမ်းကား မူမမှန်ပါလေ။
သူတို့နှစ်ဦးလုံးက တစ်ပြိုင်နက် လှုပ်ရှားလာပြီး ကုယွင်ကမူ ထိုပစ္စည်းကို လှမ်းဆွဲလုသည်။ ချန်ကန်းကမူ အလိုလို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ လက်နှစ်ဖက်သည် ဝါးပုလွေလေးတစ်ချောင်းကို ဆွဲလုကြရင်း လေထဲ၌ အတန်ကြာအောင် တောင့်ခဲ၍ ရပ်တန့်နေကြသည်။
ချန်ကန်းက မျက်နှာငယ်လေးဖြင့် မေး၏။
" ကြည့်လို့မရဘူးလား? "
" ဘာများကြည့်လို့ကောင်းလို့လဲ? "
ပြောပြီးသည်နှင့် ကုယွင်က အားထည့်၍ ဆွဲလိုက်ရာ အနှီဝါးပုလွေသည် ချန်ကန်းလက်ထဲမှ လွတ်ထွက်လာတော့သည်။ သူက အိုးမလုံအုံပွင့်စွာဖြင့် ဝတ်ရုံအင်္ကျီလက်ထဲသို့ ပြန်သွင်းကာ သိမ်းလိုက်သည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။