{၂၁}

1K 116 8
                                    

အခန်း {၂၁}

နှစ်သစ်ကူးအကြိုနေ့

အန်းတင့်အမတ်မင်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် နေ့စဉ်နေ့တိုင်းအိမ်မှာ အနားယူနေနိုင်သူမျိုး မဟုတ်ပေ။ ဝေလီဝေလင်း မောင်အချိန် မနက် ၅ နာရီခန့်မှ စတင်၍ မဟာလျန်ပြည်ကြီး၏ စာပေပညာရှင်များမှသည် စစ်ရေးမက်ရာအရာရှိများအထိ စတင်ပြေးလွှားလှုပ်ရှားကာ တစ်နေ့တာ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရသည်။ အနည်းငယ်အလုပ်ပါးသော လူတစ်စုကတော့ ရှန်အချိန် ညနေ ၃ နာရီ သို့မဟုတ် ၅ နာရီခန့်၌ ကိုယ့်အိမ် ကိုယ့်မိသားစုထံသို့ ပြန်နိုင်သည်။ သို့သော် ကုယွင်ကား အလုပ်ကိုင်နည်းပါးပြီး အားယားနေနိုင်သော အဆင့်အတန်းရာထူးမျိုးနှင့် လူမှမဟုတ်ပါပဲလေ။

ညီလာခံပြီးဆုံးသွားလျှင်တောင် ဧကရာဇ်မှ သူ့အား ဆင့်ခေါ်တွေ့ဆုံလိုက်၊ လုပ်ဖော်ကိုင်ဖက်မှုးမတ်များက သူ့ကို လာရှာကြလိုက်နှင့်သာ အချိန်ကုန်သွားရသည်။ ထိုသို့ ဝတ်ကျေတမ်းကျေ ဧည့်ခံဖိတ်မန္တကများ မပြုလုပ်နေရသော နေ့ရက်မျိုးတွင် ကုယွင်က မြောက်ပိုင်းတပ်ဖွဲ့ကြီးကို တစ်ပတ်ပတ်၍ သွားရောက်စစ်ဆေးသေးသည်။ နေမဝင်ခင် မိမိအိမ်တော်ရာသို့ ပြန်လာနိုင်သည့်အကြိမ်အရေမှာ နည်းပါးလွန်းလှပေ၏။

အချုပ်အားဖြင့် ကြက်များ ခွေးများထက်ပင် ပိုဆိုးသော နေ့ရက်များကို ဖြတ်သန်းနေရခြင်းပင်။

ထို့ကြောင့် စစ်သေနာပတိချုပ်ကု၏ အနီးကပ် သင်ကြားပြသပေးသည်ကို လိုချင်ပါက သူမနက်အစော ညီလာခံသို့ မသွားခင် အရိုးနှင့်ကြွက်သားများအား ‌လေ့ကျင့်ခန်းလုပ်ကာ ဖြေလျော့နေချိန်ကို မီမှရပါမည်။

ချန်ကန်းသည် ထိုနေ့နောက်ပိုင်းမှ စ၍ မောင်းငါးချက်တီးချိန်ဖြစ်သည့် မနက်သုံးနာရီမှ ငါးနာရီကြားအချိန်တွင် အိပ်ရာမှ ကုန်းရုန်းထလာပြီး နေ့စဉ်ညသန်းခေါင်ကျော်မှ အိပ်ရာဝင်သည်။ အိပ်ရာထလာသည်နှင့် ဓားရေးလေ့ကျင့်ဖော် ရုပ်သေးရုပ်ကို ယူ၍ ကုယွင်နေထိုင်သည့် ခြံဝန်းထဲသို့ သွားထိုင်စောင့်နေတော့သည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now