အခန်း {၆၈}
အဆိပ်တက်ခြင်း
ကုယွင်က မြင်းကျောထက်၌ ကျကျနန ထိုင်လျက် မေးလိုက်သည်။
" ရှိနေတုန်းပဲလား? "
ရှန်ယိက ချန်းယန်လီအား ယူ၍ နောက်ပြန်လှည့်ကြည့်လိုက်လေသည်။
" ရှိနေတုန်းပဲ "
ကုယွင် ရွှေမြို့တော်ကနေ ထွက်ခွာလာသော နေ့သည် ကောင်းကင်က ကြည်လင်နေကာ သာယာလှပသော နေ့လေးတစ်နေ့ ဖြစ်ပေ၏။ ဒီလိုကာလမျိုးတွင် ရှားရှားပါးပါး နွေအလှတို့ ဝေဆာပြည့်စုံနေသော ရက်လေးပင်။ လုံအန်းဧကရာဇ်နှင့် တကွ နန်းတွင်းညီလာခံ တစ်ခုလုံးက စာပေပညာရှင်များ၊ စစ်မက်ရေးရာ အရာရှိများ အားလုံးက ကုယွင်အား မြို့ပြင်အထိ လိုက်လံပို့ဆောင်ကြပြီး လမ်းတစ်လျှောက် စစ်ကြောင်း တရွေ့ရွေ့ချီတက်သွားသည်ကို လှမ်းမျှော်ကြည့်ရင်း အတော်ကြာမှ လူစုပြန်ခွဲကြလေသည်။ သို့ရာတွင် ယန့်ဝမ် အရှင့်သားတစ်ပါးကတော့ဖြင့် မပြန်သွားဘဲ ရပ်ကျန်နေသေးဆဲ ဖြစ်၏။
သူက ပြိုကျပျက်စီးသွားပြီးသော မြို့တံတိုင်းပေါ်ရှိ တစ်ခုတည်းသော ကျန်ရစ်ခဲ့သည့် စောင့်ကြည့်မျှော်စင်ထက်တွင် ရပ်နေသည်။ တုတ်တုတ်လေးမျှတောင် မလှုပ်ပါဘဲ မဟာသံနက်တပ်ရင်း၏ စစ်သူကြီးဖြစ်သူ နောက်ကျောပြင်ကိုသာ ငေးမောနေလေ၏။ သူ့ပုံစံသည် တစ်ဘဝလုံး၊ တစ်သက်လုံး ဤသို့သာ ငေးကြည့်နေချင်ပါသည့်နှယ်။
ကုယွင်က နောက်သို့ ခေါင်းပြန်လှည့်မကြည့်ဘဲ ရှန်ယိကိုပဲ ထပ်ပြောပြန်သည်။
" ငါတို့ထွက်လာတာတောင် ဘယ်လောက်ဝေးဝေးရောက်နေပြီလဲ? ချန်းယန်လီနဲ့လည်း မြင်ရလောက်တော့ပါဘူး.. မင်းလျှောက်လျှောက်ပြီး ပြောမနေစမ်းပါနဲ့ "
ထိုအခါ ရှန်ယိက စိတ်ဆိုးမာန်ဆိုးနှင့် ပြန်ပြောလာသည်။
" ငါ့ကို မျက်လုံးမကောင်းဘူး ထင်ရင် မင်းဘာသာ လှည့်ကြည့်ပါလားကွ... တစ်ကြိမ်ပြီး တစ်ကြိမ် ငါ့ကိုပဲ လာလာခိုင်းနေတာ.. သူများတွေမျက်လုံးထဲ မသိရင် ငါနဲ့ ဝမ်ရယ်နဲ့ကို မရှင်းရှင်းတွေလို့ ထင်တော့မယ် "
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။