{၅၂}

663 103 15
                                    

အခန်း {၅၂}

အကန့်အသတ်မဲ့သော


ကုယွင်၏စိတ်ထဲတွင် တင်းကနဲ ဖြစ်သွားရသည်။ ဤအရာအားလုံးက သူခန့်မှန်းထားသည်ထက် ပို၍ မြန်မြန်ဆန်ဆန် ဖြစ်ပွားလာလေသည်။ သူတွေးထင်ထားသည်ထက်တောင် ပို၍ ပွေလီရှုပ်ထွေးစွာ ဖြစ်ပွားသွားကုန်သည်။

အနောက်ဘက် နယ်စပ်တစ်လျှောက်ရှိ တိုင်းပြည်ငယ်လေးများသည် ချိုင့်ဝှမ်းငယ်လေးထဲရှိ ဖားများနှင့် တူသည်။ အနှီတိုင်းပြည်ငယ်များသည် ဆိတ်ချေးများပမာ ဟိုတစ်ပုံ၊ သည်တစ်စုနှင့် ရက်အနည်းငယ်ကြာလျှင် တစ်ခေါက် စကားများရန်ဖြစ်လိုက်ဖြင့် အားလုံးက အပြန်အလှန် ဝါးမြိုချင်နေကြသည်ပင်။ သို့ပေသိ သည်နှစ်ပိုင်းတွင်မူ ပိုးလမ်းမထက်၌ သံနက်တပ်ရင်းက စောင့်ရှောက်နေသောကြောင့် မည်သူကမျှ ပြဿနာမရှာရဲကြသည်မှာ အတော်ကြာချေပြီ။

ချုံးစစ်ပြည်က ထိုမျှသေးငယ် စုတ်ပြတ်နေရာ တစ်တိုင်းပြည်လုံးက ဒန်အိုးကြေးအိုးတွေကို ရောင်းထုတ်လျှင်တောင် ရှားဟူ ရာချီ၍ ဝယ်နိုင်ဖို့ရာ မဖြစ်နိုင်။ ဤမူမမှန်သော လုပ်ရပ်၏ နောက်ကွယ်တွင် သေချာပေါက် သားရဲဝံပုလွေများရှိမည်မှာ မပြောလည်း သိသာလွန်းနေသည့် ကိစ္စပင်။ လုံးလုံးကို ပြဿနာမဟုတ်ချေ။

ပြဿနာမှာ------ ချုံးစစ်ပြည်နောက်ကွယ်က အင်အားရဲ့ ရည်ရွယ်ချက်က ဘာလဲ?

ကုယွင်ကား ဤကိစ္စတွေအားလုံးကပါ နန်းတွင်းထဲက ဟိုပုဂ္ဂိုလ်လုပ်သည်ဟု မယုံပေ။ အဘယ့်ကြောင့်ဆိုသော် လီဖုန်းသည် ထိန်းချုပ်ဆုပ်ကိုင်ထားလိုသည့် ဆန္ဒပြင်းပြသူဖြစ်သည်။ မည်သည့်ကိစ္စရပ်ကို လုပ်ဆောင်ပါစေ အနေတော်လေးနှင့် ကောင်းကောင်း ထိန်းချုပ်လို့ရသည်ကိုသာ သဘောကျသည်။ သူက သည်လောက် အချိန်တိုအတွင်းမှာ သူကိုယ်တိုင်‌တောင် အဆင်သင့်ဖြစ်အောင် စီစဉ်နေရာချလို့ မပြီးသေးခင်မှာ ဤသို့ပမာ လှုပ်ရှားပြုမူမည် မဟုတ်ချေ။

ကြည့်ရသည်မှာ ယခုမူ လီဖုန်းကလည်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေချေမည်။ သူသည် တစ်ဖက်ကလည်း အနောက်မြောက်အရပ်၏ အခြေအနေ အစစ်အမှန်ကို သေချာမစုံစမ်းနိုင်သေး။ တစ်ဖက်ကလည်း မဟာသံနက်တပ်ရင်းက အမိန့်မကျသေးဘဲ ကိုယ့်သဘောနှင့် ကိုယ် လှုပ်ရှားလိုက်လျှင် သူတို့ နန်းတွင်းက ကြိုတင်ကြံစည်ထားသည့် အကွက်များ ပျက်ပြားသွားမည်ကို စိုးရိမ်သောကြောင့် အခုလို "စစ်သေနာပတိချုပ်တံဆိပ်တုံးက ထိန်းသိမ်းခံထားရတုန်းမို့ စည်တော်သံအမိန့်ကို စောင့်ဆိုင်းရမည်" ဟူသည့် အချက်ဖြင့် သံနက်တပ်ရင်းကို ထိန်းထားရခြင်းဖြစ်ပေမည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now