အခန်း {၂၆}
ဗုဒ္ဓဘုရားကိုရှာဖွေခြင်း
လူအိုများ၏ မွေးနေ့ကို ကျင်းပပေးခြင်း၏ အဓိကအနှစ်သာရမှာ အသက်ရှည်စေလိုခြင်းပင်။ ကလေးများ၏မွေးနေ့ကို ကျင်းပပေးခြင်းမှာ ပျော်ပွဲရွှင်ပွဲဖြစ်၏။ အသက်တစ်နှစ်ကြီးလာဖို့ မလွယ်ကူသည့်အတွက် မိဘများလည်း တဖြေးဖြေးအသက်ရှုချောင်လာသည့် သဘောသက်ရောက်ပေ၏။
ကုယွင်ကား အိုလည်းမအိုသေးသလို ကလေးလည်းမဟုတ်တော့ချေ။ ဖွားဖွားက သည်းသည်းလှုပ်ချစ်ကာ ဦးဦးက ချစ်ခင်အလိုလိုက်မည့်အရွယ်မျိုးမဟုတ်တော့ပါချေ။ အကယ်၍ သူအိမ်မှာရှိနေချိန် မွေးနေ့ကျရောက်ပါက အိမ်တော်ထိန်းက သူ့ကိုယ်စား ပြင်ဆင်ပေးလိမ့်ဦးမည်။ သို့ရာတွင် ကုယွင်က များသောအားဖြင့် အိမ်မှာရှိမနေတတ်ပါ။ နှစ်သစ်ကူးပြီး ၁၆ ရက်မြောက်နေ့များတွင် တစ်နေကုန်တစ်နေခမ်း ပျားပန်းခပ်လှုပ်ရှားရင်းဖြင့်သာ မိမိမွေးနေ့အား မေ့မေ့လျော့လျော့ ကျော်ဖြတ်သွားရတတ်ပေ၏။
အမှန်တိုင်းပြောရလျှင် ဆုတောင်းဂုဏ်ပြုပေးနေစရာလည်း မလိုပေ။ လူတို့က ပြောကြသည်။ "နှစ်သစ်ကူးပြီးနောက်တစ်ရက်မှာမွေးလျှင် မိဖုရားဖြစ်ပြီး နှစ်သစ်ကူးပြီးနောက် ဆယ့်ငါးရက်မြောက်နေ့တွင်မွေးလျှင် မူးကြီးမတ်ရာဖြစ်မည်" ၊ ဆိုလိုသည်မှာ နှစ်ကူးပြီးတစ်ရက်နေ့သည် သမီး၊ မိန်းကလေးများမွေးရန် အကောင်းဆုံးနေ့ရက်ဖြစ်ပြီး နှစ်သစ်ကူးပြီး ဆယ်ငါးရက်မြောက်နေ့သည် သား၊ ယောကျ်ားလေးများမွေးရန် အကောင်းဆုံးနေ့ရက်ဖြစ်ပေသည်။ ကုယွင်သည် နဂိုက ကံကောင်းခြင်းများစွာဖြင့် ထိုမွန်မြတ်လှသောညတွင် မွေးဖွားလာနိုင်ပေသည်။ သို့ရာ မိခင်၏ဝမ်းဗိုက်ထဲတွင် ခေါင်းမာစွာဖြင့် အချိန်နာရီအနည်းငယ်မျှပိုနေမိသောကြောင့် နောက်တစ်ရက်ကူးပြီးမှ မွေးဖွားလာပေသည်။ ကြည့်ရတာ မွေးရာပါ ကံဆိုးမိုးမှောင်ကျမည့် စုတ်ပြတ်နေသည့်ကံကြမ္မာပင်။
ချောင်နျန်ဇစ်က မိမိကိုယ်ကို ပြင်ဆင်ခြယ်သထားရုံမကဘဲ ချန်ကန်းတို့လူတစ်စုနဲ့အတူ ဓားရေးလေ့ကျင့်ဖော်ရုပ်သေးရုပ်ကိုပါ တွန်းထုတ်လာကြပြီး ဖျက်ဆီးရေးလုပ်ထားသေးသည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။