{၆၁}

679 105 32
                                    

အခန်း {၆၁}

အောင်ပွဲသတင်း

ကုယွင်နောက်မှနေ၍ စစ်သေနာပတိချုပ် ယာယီရွက်ဖျင်တဲထဲကနေ လိုက်ထွက်လာသော ထန်ဟုန်ဖေးပင် နားထောင်ရင်း အံ့အားသင့်သွားရတော့သည်။ မိမိသည် နောက်ထပ်တစ်ကြိမ် သံနက်သံချပ်ကာဝတ်စုံအား ပြန်လည်ဝတ်ဆင်ခွင့်ရလိမ့်မည် ဟု အိပ်မက်ထဲတွင်‌တောင် မမက်ခဲ့ဖူးပါပေ။ ရုတ်တရက်ဆန်စွာပင် သူ့ရင်ထဲ၌ စိတ်မကောင်းဝမ်းနည်းခြင်းများ ပြည့်နှက်သွားရပြီး တစ်မုဟုတ်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားပြန်သည်။ သူ့စိတ်ထဲတွင် သည်စစ်ပွဲအတွက် သွေးတွေ ခမ်းခြောက်သွားပါစေ၊ ဦးခေါင်းမြေခသွားပါစေတော့ အကုန်လုံးက ထိုက်တန်သွားပြီဟု ခံစားမိလေသည်။

ထန်ဟုန်ဖေးက ရှေ့သို့ တစ်လှမ်းတိုး၍ အသံမြှင့်ပြောလိုက်သည်။

" အရှင့်လက်အောက်ငယ်သား ကျွန်တော်မျိုး.. စစ်သေနာပတိချုပ်အတွက် ရှေ့တန်းကနေ ဦးဆောင်သွားဖို့ ဆန္ဒရှိပါတယ်! "

" မင်းက မရှိမဖြစ်ပဲပေါ့.. ပိုင်ဟုန်မြားသယ်ဆောင်တဲ့ စစ်ရထားက လမ်းရှင်းမယ်.. မြင်းနက်တပ်ဖွဲ့နဲ့ လင်းယုန်နက်တပ်ဖွဲ့က ငါနဲ့အတူလိုက်ခဲ့.. သံမဏိသံချပ်ကာက စစ်မြေပြင်ကို ထိန်းချုပ်မယ် "

ကုယွင်က မိန့်ကြားလိုက်သည်။

" ငါ့အတွက် လေခွင်းဓားစကြာ တစ်လက်ယူခဲ့စမ်း... ဘယ်လို မိစ္ဆာ၊ မကောင်းဆိုးဝါးမျိုးတွေလဲဆိုတာ တွေ့ကြည့်မှ သိမှာပေါ့ "

ချန်ကန်းက သူ့နောက်ကျောရှိ လေးရှည်ကို ဖြုတ်လိုက်သည်----- ဤအရာသည် ရှီးနန်တွင် ဓားပြများကို ဖမ်းဆီးစဉ်က ကုယွင်လက်ထဲမှ သူတောင်းယူထားသော အရာဖြစ်၏။ အနှီပစ္စည်းသည် လုံအန်းဧကရာဇ် လီဖုန်းနန်းတက်ခါစ စစ်မက်အင်အားကို လျော့ချပြီးနောက် လင်ရှူးကျောင်းတော်မှ နောက်ဆုံးထွက်သော ပစ္စည်းကောင်း တစ်ခု ဖြစ်ပေသည်။ သို့ရာ စိတ်မကောင်းစွာဖြင့်ပင် အနှီသံလေးကြီးမှာ အလွန်အမင်းကို လေးလံလှသောကြောင့် တကယ့်အဆင့်မြင့် ပညာရှင်မဟုတ်လျှင် သူ့ကို လုံးဝ ထိန်းချုပ်အသုံးပြုနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်လည်း စစ်တပ်တစ်တပ်လုံးတွင် အစမ်းသုံး ပစ္စည်းအနေနှင့် သည်တစ်ခုသာ ရှိခြင်းဖြစ်၏။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now