{၃၃}

1.5K 146 23
                                    

အခန်း {၃၃}

သဲလွန်စများ


ချန်ကန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

" ခဏစောင့်ပါ "

ပြောပြီးသည်နှင့် မျက်နှာသေအတိုင်း သစ်သားတံခါးကို ပြန်ပိတ်ချလိုက်လေသည်။ ထို့နောက် တံခါးပေါက်ကို ကျောမှီကာ အသက်ဝဝ ရှုလိုက်၏။ သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင်လုပ်ပြီးမှ ကုယွင်ထံသို့ လက်အမူအရာဖြင့် ပြောလိုက်သည်။

" ရိဖု.. သူပုန်တပ်ခေါင်းဆောင်က ရိဖုကို တွေ့ချင်လို့တဲ့..။ ဘယ်လိုလုပ်မလဲ? "

ကောဖန့်ရှောင်မှာ နှလုံးဆောင့်ခုန်တက်သွားကာ လန့်ဖျတ်သွားတော့သည်။ အလိုလို အသက်အောင့်ထားမိပြီး မျက်နှာတစ်ခုလုံးက ခရမ်းချဉ်သီးတစ်လုံးပမာ ရဲတွတ်လာလေသည်။

ကုယွင်၏ တုန့်ပြန်မှုကသာ သူတို့နှင့် ကွဲပြားကာ တမူထူးခြားနေခဲ့သည်။

ချန်ကန်းက သူ့ကို ကြည့်နေရာ သူပြုံးလိုက်သည်ကိုပင် မြင်လိုက်လေသည်။ အောင်မြင်နိုင်ခြေ ပိုင်နိုင်မှုတစ်ခုအား လက်ထဲတွင် ဆုပ်ကိုင်ထားသည့်နှယ် အပြုံးမျိုးဖြစ်၏။ ဟို "စိတ်နှလုံးချင်း ရောင်ပြန်ဟပ်နေသည့်ပမာ" ဟုဆိုသောသူကဲ့သို့သော အပြုံးမျိုးဖြစ်၏။

"တကယ်ကို အိပ်ချင်နေတဲ့လူကို ခေါင်းအုံးလာပေးတာပဲကွ "

လောကကြီး မရှုပ်ထွေးမည်ကိုသာ ကြောက်ရွံ့လေသော[1] အနှီအန်းတင့်အမတ်မင်းက ပြောပါသည်။

" ငါတော့ ဒီအရွယ်အထိရောက်တာတောင် သူပုန်တပ်ခေါင်းဆောင်ဆို အရှင်လတ်လတ် တစ်ခါမှမတွေ့ဖူးသေးဘူး "

ကောဖန့်ရှောင်လေးသည်ကား အင်မတန် အရူးလုပ်ရန် လွယ်ကူသည်။ သူ့ရှေ့ရှိ ကုယွင်ကတောင် စိတ်ထဲ သိပ်မထားဟန်ပြလေရာ သူကပါ အလိုလိုနေရင်း စိတ်သက်သာရာ ရသွားလေသည်။ မသိလျှင် အခုသွားတွေ့ရမှာ သူပုန်စစ်တပ်၏ ခေါင်းဆောင်ကို မဟုတ်ဘဲ ကမ္ဘာ့အထူးအခြား အဆန်းပြားဆုံး သတ္တဝါလိုလို။

ချန်ကန်းကတော့ ကုယွင်လျှောက်ပြောသော စကားများကို မယုံနိုင်ပေ။ နေ့စဉ်ရက်ဆက် ရင်ထဲတွင် ဖိသိပ်သိမ်းဆည်းထားသော သံသယမေးခွန်းများက အစီအရီ တန်းစီ ထွက်လာကြလေသည်။ ထို့ကြောင့် အသံမထွက်ဘဲ လက်အမူအရာလုပ်ပြကာ ထပ်မေးလိုက်သည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now