Guide 4 U

901 98 11
                                    

Hello ~ မှတ်ချက်အသစ်လေး နှစ်ချက်လောက် ရေးပါဦးမယ်နော်။ 

အောက်က ရေးထားတဲ့အချက်တွေနဲ့ ဒီ guide for you ဆိုတဲ့ အပိုင်းလေးက ပထမတစ်ခါတင်တုန်းက စာဖတ်သူ အတော်များများကို အကူအညီ ပေးခဲ့တယ်ရယ်။ ရှေ့က 56 အထိ မရေမလည်နဲ့ ဖတ်လာရသူတွေရော၊ ဖတ်ရင်း နားတော့ လည်ပါတယ် ဒါမဲ့ အကြောင်းအရာတွေကို အချိတ်ဆက်မိမိ မမြင်မိသေးဘူး ဆိုတဲ့သူတွေရော၊ ဒီဂိုက်ဖတ်လိုက်မှပဲ ဘွင်းဘွင်းရှင်းရှင်း မြင်လိုက်ရပြီ ဆိုတာမျိုးရော ပေါ့နော်။ အဲတာကြောင့် အခု စာဖတ်သူ အသစ်တွေ ရှိနေတာလည်း သတိထားမိလို့ ဒါလေး ရအောင် ပြန်ရှာထည့်ပေးထားပါတယ်။ 

အကူအညီ ဖြစ်ပါစေ ရှန် .....

------------------------- 💛

တချက်.. ဇဝေဇဝါဖြစ်သွားတို့.. နားမလည်တာတို့ အပြန်အလှန်ဆွေးနွေးဖို့ Chapter လေးလို့ သဘောထားပေးပါနော်..

အရင်ဆုံး... အခန်း ၅၆ မှာ ...

~ ဟယ်ရုန်ဟွေးက ကုယွင် အကျဉ်းချခံလိုက်ရတာကို သိတော့ စိတ်ဆိုးပြီး ရှီးပေ (အနောက်နယ်စပ်) ရဲ့ ကြီးကြပ်ရေးရုံးတော်ကို ထွက်သွားတယ်.. သူက သံနက်တပ်ရင်းသုံးစုရဲ့ အခုချိန်မှာ အချုပ်အကြီးအကဲပဲ.. သူထွက်သွားတာနဲ့ နဂိုက ချုံးစစ်ပြည်မှာ အစီးပေါင်းရာချီ တပ်ဆွဲထားတဲ့ (အခန်း ၅၁ မှာပါတဲ့) ရှားဟူတွေက စတင်ထွက်ခွာလာပြီး အမြောက်ပြောင်းဝတွေကို အရှေ့အရပ်ကို ဦးတည်လိုက်တယ်တဲ့...

~ အဲ့တာက ချုံးစစ်ပြည်ဘက်ကနေ ကြည့်တော့ မဟာလျန်ပြည်ရဲ့ အနောက်မြောက်နယ်စပ်(ရှီးပေ) က သူတို့ရဲ့ အ‌ရှေ့ဘက်လို ဖြစ်နေတာ.. အာ့ကြောင့် အရှေ့ဘက်ကို ဦးတည်လိုက်တယ်လို့ ပြောတာ...

~ ဆိုလိုချင်တာက ဟယ်ရုန်ဟွေးထွက်သွားတာနဲ့ အဲ့ရှားဟူ အမြောက်တွေက ရှီးပေနယ်စပ်ကို ဦးတည်ပစ်လိုက်တာပဲ..။

~ နောက် မြောက်ပိုင်းလူရိုင်း ကျားလိုင်ယင်ဟော့..။ သူတို့ကလည်း မြောက်ပိုင်းနယ်စပ်ကို ဝင်စီးမှာ.. ဝင်သိမ်းပိုက်မှာမျိုး..။

~ အဲ့နောက်က တောင်သမုဒ္ဒရာ။ တောင်သမုဒ္ဒရာ ဆိုတာက ရှန်ယိရောက်နေတဲ့ တောင်ပိုင်းနယ်စပ်ခြမ်းကပဲ..။ ပြောရရင် ဖုကျစ်ချန်တို့ ခွိုင်လန်ထူတို့ ဓားပြ ပြဿနာတွေ တက်တဲ့နေရာ.. တောင်ပိုင်းနယ်စပ်(နန်ကျန်း) ပါ။ အဲ့မှာ လျှို့ဝှက်လှိုဏ်ခေါင်းတွေ ဖောက်ထားတာကို ကုယွင်က အကုန်စစ်ဆေးပိတ်ဆို့ခဲ့ပြီဆိုပေမဲ့... အဲ့ထဲက တောင်သမုဒ္ဒရာ နဲ့ ရေအောက်ကနေ ဆက်စပ်နေတဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုက ရှိနေတုန်းပဲ..။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now