အခန်း {၂၇}
ခိုးရာလိုက်ပြေးခြင်း
ထူးထူးဆန်းဆန်းပင်... အမည်မသိ နတ်ဒေဝါ စိတ်ဝိဉာဉ်အပေါင်းတို့က နယ်စပ်ခေါင်ဖျားရှိ ကုယွင်ကို သတိပေးလိုက်လေသလားမသိ။
သူ့သားခမျာ သူများနောက် ကောက်ကောက်ပါအောင် လိုက်ပြေးသွားတော့မည်ဟူ၍။
သည်လိုနှင့် သံနက်တပ်ရင်းထွက်ခွာသွားပြီး တစ်လတိတိကြာသော် ကုယွင်က အရှင်မင်းမြတ်ထံ သဝဏ်လွှာပို့ဆက်သချိန်တွင် သားဖြစ်သူချန်ကန်းအတွက် အိမ်ကိုလည်း စာတစ်စောင်ပေးပို့ရန် သတိတရရှိခဲ့ပေသည်။
ချန်ကန်းသည် ပထမဦးစွာ မိမိနှင့်ရင်းနှီးကျွမ်းဝင်လှသော၊ မိမိအကြိမ်ဖန်များစွာ စာမျက်နှာပေါင်းများစွာ ကူးယူတုပလေ့ကျင့်ခဲ့ဖူးသော ကုယွင်၏ လက်ရေးလက်သားများကို တွေ့လိုက်ရသည်။ စာထဲတွင်တော့ ဦးဆုံး ရိုးသားစွာအမှားဝန်ခံထားလေသည်။ ထို့နောက်တွင် အကျိုးအကြောင်း တသီတတန်းတိုင်တည်လျက် မိမိ ဘာကြောင့် နှုတ်မဆက်ဘဲ ထွက်သွားရသည်ကို ရှင်းပြသည်။ နောက်ဆုံး၌ မိမိ၏ ချန်ကန်းအပေါ်သတိရလွမ်းဆွတ်မှုကို ဖော်ပြထားပြီး အကယ်၍ ရှီးပေသာ အေးချမ်းသာယာနေပါက နှစ်ကုန်တွင် အမတ်မင်းအိမ်တော်ရာသို့ သေချာပေါက်ပြန်လာပြီး နှစ်သစ်ကူးမည်ဖြစ်ကြောင်းကိုပါ ကတိပေးသွားလေသည်။
ချန်ကန်းသည် အစဆုံးဖတ်ရှုပြီးနောက် ဘေးနားသို့ အသာချထားလိုက်တော့သည်။ အဘယ့်ကြောင့်ဆိုသော် ခြေထောက်ဖြင့်သွားစဉ်းစားလျှင်တောင် သိနိုင်သည်။ သည်စာတစ်စောင်လုံးက အန်းတင့်အမတ်မင်း လက်ကနေထွက်လာခြင်း လုံးဝမဟုတ်။
ဘာတဲ့ "မိုင်ထောင်ချီအဝေးမှာ သတိရလွမ်းဆွတ်မှုကြောင့် စက်တော်ပင်မခေါ်နိုင်ရှာ" ၊ "ငါ့ရင်အစုံကို ပူပန်သောကမရောက်စေဖို့ မင်း များများစားပြီး နွေးနွေးထွေးထွေးဝတ်ပါ" စတဲ့ အူယားစရာကောင်းလှသော စကားများမှာ ကုယွင်ဦးနှောက်ထဲ ဖုန်မှုန့်တွေနဲ့ပြည့်နေရင်တောင် ရေးမထွက်လာနိုင်သည်မှာ အသေအချာပင်။ စာတစ်စောင်လုံး ပွစိပွစိပွားနေသည့် ရေးဟန်ကို ကြည့်ရုံဖြင့် ရှန်ယိက ကိုယ်စားရေးပေးထားမှန်း သိသာလှ၏။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။