{၅၉}

702 102 37
                                    

အခန်း {၅၉}

စစ်ပွဲအားကြိုဆိုခြင်း

ကုယွင် ရွှေနန်းဆောင်ထဲကနေ ပြန်ထွက်လာချိန်တွင် မျက်လုံးများ အနည်းငယ် ဝေဝါးလာခဲ့တော့သည်။ သူက မည်သို့မျှ အသံမထွက်ဘဲ မတ်မတ်ရပ်ကာ အသက်လုရှူလိုက်ရ၏။ မိမိကိုယ်ပေါ်ရှိ ပေါင်သုံးဆယ်၊ လေးဆယ်ခန့်သာရှိသော ပေါ့ပါးသောချပ်ဝတ်တန်ဆာက ဒီလောက်တောင် လေးလံပါလားဟူ၍ သူ့ဘဝတစ်လျှောက်လုံး၌ ပထမဆုံးအကြိမ်အဖြစ် ခံစားမိခဲ့ရသည်။

အရေးကြီး အ‌ခြေအနေတစ်ရပ်တွင်ဖြစ်လျှင် လူတို့၏ ခွန်အားသည်လည်း အတိုင်းအဆမရှိ ကြီးမားလာတတ်သည်။ ကုယွင်သည် သာမန်ချိန်တွင် အပ်စိုက်ကုသပေးသူလည်းရှိပြီး ခုတင်ပေါ်၌ နားနေရင်း သည်းခံကျော်ဖြတ်လျှင်တောင် အင်မတန် ခံရခက်သော ခေါင်းကိုက်ခဲခြင်းဝေဒနာသည် ရွှေနန်းဆောင် ခန်းမထဲတွင် တစ်ရက်လုံးလုံးနှင့် တစ်ညလုံးလုံး ပျာယာခတ်အလုပ်ရှုပ်နေခဲ့သည့်တိုင် မည်သို့မျှ ဝေဒနာကို သတိပြုမိခြင်း မရှိဘဲ ဖြတ်ကျော်သွားနိုင်ခဲ့ပေသည်။ သို့ပေမင့် ယခုလို အပြင်ထွက်လာလိုက်သော်မှ သူ့ကိုယ်သူ သတိထားမိသွားရသည်။ သူ့တစ်ကိုယ်လုံး ဖြူဖျော့အားလျော့နေခဲ့ပြီ။ ဝတ်ရုံတော်က လုံးဝ လူနှင့် ကပ်နေသည်။ မနက်ခင်း နှင်းမြူပါသော လေက သုတ်ကနဲ ဖြတ်အတိုက်တွင် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားခဲ့ရတော့၏။

မတိုင်ခင် သူထွက်လာခါစက ကောင်းကင်ထက်၌ နေလုံး ခေါင်းပြူထွက်နေပြီ ဖြစ်သော်လည်း ယခုမူ မျက်စိတစ်မှိတ်အတွင်း တိမ်မည်းများက ဝါးမြိုသွားပြန်သည်။ သည်လိုနှင့် မနက်ခင်းနေခြည်နုနုက ဖျော့တော့မှေးမှိန်ခဲ့ရလေသည်။

ချန်ကန်းက အပေါက်ဝတွင် သူ့ကို စောင့်နေသည်။ သူက အထပ်ထပ် အလွှာလွှာသော ‌ရွှေနန်းပြဿဒ်ကို ကျောပေးထားသည်။ ယန့်ပေဝမ်၏ နန်းတွင်းဝတ်ရုံတော်ကား လေထဲတွင် တလွင့်လွင့်။ သူက ခပ်လှမ်းလှမ်းရှိ ချီယွမ်းနန်းမြင့်မျှော်စင် ရှိရာဘက်သို့ ငေးကြည့်နေပြီး ဘာတွေတွေးနေမှန်း မသိနိုင်ချေ။

ခြေသံကြားလိုက်ရမှ ချန်ကန်းက လှည့်ကြည့်လာသည်။ သူက ကုယွင်၏ မျက်နှာကို ဖျတ်ကနဲ လှမ်းကြည့်လိုက်ပြီး မျက်မှောင်များကြုတ်လျက်ပင် ဆိုသည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now