~ အတွဲ {၂} ~ {၃၇}

930 121 13
                                    

အတွဲ {၂}

~ လေပြင်းမုန်တိုင်းများကား ရပ်စဲခြင်းအလျဉ်းမရှိလေပြီ ~

အခန်း{၃၇}

စည်တော်သံအမိန့်

ရွှေမြို့‌တော်ကြီးသည် တစ်တောင်ထက် တစ်တောင်မြင့်ရိုးထုံးစံအတိုင်း ဖြစ်စဉ်အဖုံဖုံအောက်၌ ဖြတ်သန်းရင်း သမိုင်းမှာ စာမျက်နှာတစ်မျက်နှာစာ ပို၍ မှတ်ကျောက်တင်ခံခဲ့ရပြန်ပြီ။

ရှေးရှေးကတည်းကနေ ယနေ့အထိ၊ ခေတ်အဆက်ဆက် ဘုရင်အဆက်ဆက်တို့သည် တစ်ပါးနှင့်တစ်ပါး မတူညီခဲ့ကြပါချေ။ တချို့ဘုရင်များက တိုင်းပြည်အား အေးချမ်းသာယာ ၊ စည်ပင်ဝပြောမှုကို ဆောင်ကြဉ်းပေးပေသည်။ တချို့ဘုရင်များကတော့ တိုင်းပြည်နှင့်လူမျိုးကို ဖျက်ဆီးကာ ဒုက္ခများ သယ်‌ဆောင်လာပေသည်။ တချို့ဘုရင်များကတော့ ပြည်သူများကို လက်ပိုက်ကြည့်ကာ မိမိဘာသာ ဉာဏ်အလင်းပွင့်၊ နတ်ဖြစ်မည့်လမ်းစဉ်လိုက်နေသည်။ တချို့ဘုရင်များကတော့ လေပြင်းမုန်တိုင်းတို့ကို ဆောင်ကြဉ်းပေးလေသည်။

ယွမ်ဟယ်ဧကရာဇ်သည်ကား လက်ပိုက်ကြည့်ကာ နတ်ဖြစ်ချင်နေသည့် ဂိုဏ်းဝင်ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုချေ။ သံယောဇဉ်ကြီး၊ မေတ္တာတရားကြီးမားကာ အိုမင်းမစွမ်းနိုင်သူဖြစ်၏။ သူ့သားနှင့်သူသည် တိုင်းပြည်ရေးရာ အမြင်တချို့တူညီသော်ကြား သူ့သား၏ လုပ်ပုံကိုင်ပုံကား လေပြင်းမုန်တိုင်းထန်စေသော ဂိုဏ်းဝင်ဟု ဆိုရပေမည်။

လုံအန်းဧကရာဇ်လီဖုန်းသည် ဘယ်တုန်းကမှ "တိုင်းပြည်အုပ်ချုပ်ရာတွင် ငါးသေးလေးကို ချက်သဖွယ်ဆောင်ရွက်ရမည်" [1] ဟူသော အဆိုကို မယုံကြည်ပေ။ သူသည် ကြိုးစားဝီရိယရှိသည်။ စိတ်ဓာတ်သန်မာသည်။ သူနန်းတက်စဉ်မှစ၍ ရှေ့တစ်ဆက်မင်းဧကရာဇ် လက်ထက်ရှိ ချော့မော့ထိန်းညှိနေသည့်သဖွယ် နိုင်ငံရေးလုပ်ပုံကိုင်ပုံကို စတင်ပြောင်းလဲပစ်ခဲ့သည်။ သူသည် လေတဝုန်းဝုန်း၊ မီးတဟုန်းဟုန်းပုံစံဖြင့် မိုးမြေကိုပြောင်းပြန်လှန်၍ ရှိရှိသမျှအာဏာကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်မည့် အခွင့်အလမ်းကို ရှာခဲ့သည်----

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now