အခန်း {၃၈}
ပြန်လည်တွေ့ဆုံခြင်း
ချန်ချင်းရွှိက တစ်ခွန်းမျှသာ အပြစ်တင်ပြောလိုက်ပြီး သူ့မျက်နှာပေါ်၌ မည်သို့မျှသော ဒေါသအရိပ်အယောင်တို့ မရှိချေ။ ဤကဲ့သို့ မပြောမဆိုဝင်ထွက်သွားလာနေသည့် ဧည့်သည်နှင့် အသားကျနေသည့်ပုံပင်။ သူက အခန်းထဲဝင်လာပြီးနောက် ဆေးမြက်အိတ်ကို တစ်ဖက်တွင်ချကာ မျက်နှာစိမ်းသုံးယောက်ကို နှုတ်ဆက်လိုက်သည်။
" ကျွန်မရဲ့ မျိုးရိုးက ချန်ပါ.. သိုင်းလောကထဲက လေလွင့်သမားတော်တစ်ဦးပါ "
သူမက ကိုယ့်ကိုယ်ကိုယ် သိုင်းလောကထဲက လေလွင့်သမားတော်အဖြစ် မိတ်ဆက်သော်လည်း သူမ၏ကိုယ်ရှိန်ကိုယ်ဝါ၊ သူမ၏အမူအကျင့်များအပြင်၊ မရယ်မပြုံးသော အေးစက်စက်မျက်နှာတို့ကြောင့် ထိုအမျိုးသမီးကြီးမှာ ရုတ်တရက် ဘာစကားမျှမဆိုနိုင် သတိအနေထားဖြစ်နေပြီး ထို့နောက်မှသာ ခါးကိုင်းညွတ်၍ ဂါရဝတစ်ချက်ပြုလိုက်လေသည်။ ချန်ချင်းရွှိသည် တစ်ဖက်က အပ်စိုက်နေသော ချန်ကန်းကို ကြည့်လိုက်ပြီး ပြောသည်။
" သူက ကျွန်မရဲ့ တပည့်အဖြစ် တစ်ဝက်လောက်တော့ သတ်မှတ်နိုင်ပါတယ်.. သေလုမြောပါး ရောဂါဝေဒနာတွေကိုတော့ ကုသမပေးနိုင်ပေမဲ့ သာမန်ဖြစ်နေကျ ရောဂါတွေကိုတော့ သူကုသပေးနိုင်ပါတယ်.. အစ်မကြီးစိတ်ချပါရှင် "
သူမကိုကြည့်လျှင် အသက်အပိုင်းအခြားကို ခန့်မှန်း၍ မရနိုင်ချေ။ အပြင်အဆင်နှင့် ပုံစံအရတော့ မိန်းမငယ်လေးတစ်ယောက်ပင်။ ဘေးနားတွင်ရှိသော တပ်သားငယ်လေး၏ ရင်ထဲ၌ ဆိုင်းတွေ ဗုံတွေ တီးသလို ဆူညံနေချေပြီ။
အိမ်ထောင်မပြုရသော မိန်းကလေးတစ်ယောက်.. သမားတော်ပဲ ဖြစ်စေဦးတော့.. ငါတို့အရှင့်သားက အဲ့လိုမိန်းကလေးတစ်ယောက်ရဲ့ အိမ်ထဲ ၊ အခန်းထဲ ကို သည်လို နှုတ်ဆက် အကြောင်းကြားတာမျိုးတောင် မလုပ်ဘဲ ဝင်လိုက်ထွက်လိုက် လုပ်နေတာ..... သင့်တော်လို့လား??
ပြီးတော့ ဒီလောက် အကျွမ်းတဝင်ရှိနေတာ.. သေချာပေါက် ခဏခဏ လာခဲ့ဖူးလောက်ပြီပေါ့?
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။