{၃၂}

1.3K 133 21
                                    

အခန်း {၃၂}

လင်ယွမ်း


ထိုနေရာသည် အရှေ့ပင်လယ်တစ်လျှောက်ရှိ ကျွန်းငယ်လေးများဖြစ်၏။ မြေပုံမှာ အလွန်တရာ မထင်မရှား၊ မရှင်းမလင်းဖြစ်လျက်ရှိပြီး မင်ရည်များပက်ထားသော အစက်ကလေးများနှယ်သာ မြင်ရသည်။

မဟာလျန်ပြည်ကြီး၏ မြေနေရာဖွဲ့စည်းပုံတစ်ခုလုံးသည် ကုယွင်ရင်ထဲတွင် ရှိပြီးသားဖြစ်သည်။ သို့ရာ ထိုနေရာတွင် မြေနေရာတစ်ခုရှိသည်ဟု သူလုံးဝမသိခဲ့ချေ။ လှေပေါ်တွင် ကောင်းကောင်းမွန်မွန် ရေနွေးငွေ့သုံး မီးအိမ်တစ်လုံးတလေမှပင် မရှိချေ။ အခန်းထဲရှိ ဆီးမီးအိမ်မှာလည်း ဝါကျင့်ကျင့် ဖျော့တော့တော့သာဖြစ်၏။ ထို့ကြောင့် လျိုလီမျက်မှန်ဖြင့်ကြည့်သော်ငြား အင်မတန်အားစိုက်၍ ကြည့်ရလေသည်။ သူက မျက်မှောင်ခပ်ဖွဖွ ကြုတ်လိုက်ပြီး ဆီးမီးအိမ်၏ အလင်းကို ပိုလင်းလာစေရန် ကြိုးစားကြည့်မိ၏။

ကောဖန့်ရှောင် : " ဒီဥစ္စာက ဆရာတော်က ကျွန်တော့်ကို ပေးတဲ့ မြေပုံပါ.. ကျွန်တော်ကြည့်ပြီးပြီ။ စစ်တပ်ကထွက်တဲ့ မြေပုံပေါ်မှာ သည်နေရာ လုံးဝမပါဘူးဗျ။ ဖြစ်နိုင်တာကတော့ လုံးဝလူနေလို့မဖြစ်တဲ့ ကျွန်းသေးသေးလေးမို့ ထင်တယ်.. ပြီးတော့ ပတ်ပတ်လည်ကလည်း ကျောက်‌ဆောင်တွေနဲ့ လျှိုမြောင်တွေချည်းပဲ ဆိုတော့ ပြည်သူတွေကြားမှာလည်း သရဲတစ္ဆေပုံပြင်တွေ မနည်းမနော ပျံ့နေတာလေ... ဒေသခံလူတွေက ဒီကျွန်းရယ်လို့ ရှိမှန်းကို မသိကြဘူးထင်ပါတယ် "

ဒီနေရာက ကုန်းမြေနှင့် အတော်လေး ဝေးပါသည်။ ရေကူး၍တော့ သွားမရသည်မှာ အမှန်။ လှေစီးသွား၍ သို့မဟုတ် ပျံသွား၍သာလျှင် ရနိုင်မည်။

သို့အပြင် "လေတံခွန်" သည်လည်း ခရီးသွားလာရာတွင် အချိန်ယူနှေးကွေးလွန်းသည့်အပြင် သံလိုက်အိမ်မြောင်အပေါ် မှီခိုအားထားရပေသည်။ ၄င်းကျွန်းငယ်လေးများ အနီးတွင် မြေနေရာအနေအထားများ မမှန်၊ လှိုင်းလေထန်ပါက သူတို့က ပျံသန်းသွားမည်မဟုတ်ချေ---- ထို့နောက်တွင် ၄င်းဦးတည်ရာ နယ်နိမိတ်ဘက်သည် တုန်းရင်မြေနယ်နိမိတ်ထဲတွင် ရှိပေသည်။ မဟာလျန်ပြည်ကြီး၏ "လေတံခွန်" သို့မဟုတ် "နဂါး" တို့က အကြောင်းအရင်းမရှိဘဲ သူတို့မြေဘက် တစ်ပတ်သွားပတ်ကြည့်ပါလား... ဘယ်လိုပဲဖြစ်ဖြစ် စိန်ခေါ်နေသည့်သ‌ဘော သက်ရောက်ပေမည်။ "လင်းယုန်" တို့အား ထိန်းသိမ်းပြုပြင် စောင့်‌ရှောက်ရသော သံချပ်ကာ ကာကွယ်စောင့်ရှောက်သူ စက်ပြင်ဆရာများ၏ တောင်းဆိုချက်မှာလည်း အလွန်မြင့်ပေသည်။ ပင်လယ်ပြင်တစ်ကြောတွင် ကြာရှည်စွာပျံသန်းခွင့်မပြုချေ။ အဘယ့်ကြောင့်ဆိုသော် အရှေ့ပင်လယ်တစ်ကြောမှာ ကာလကြာရှည် တည်ငြိမ်အေးချမ်းနေခဲ့သဖြင့် တပ်ရင်း (၇) မျိုးထဲတွင် ဤအရေးကိစ္စနှင့်သက်ဆိုင်သော တပ်ရင်းမျိုး ထည့်မပြင်ဆင်ထားခဲ့သောကြောင့်ပင်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now