အတွဲ {၃}
~ ဝသန်မိုးသည်း မစဲတမ်းရွာလေသော် ~
အခန်း {၅၆}
မိုးထစ်ချုန်းခြင်း
ချန်ကန်းက နောက်ကနေ လိုက်ထွက်လာပြီး သူ့ကို လှမ်းခေါ်လိုက်သည်။
" ရိဖု ခဏလေး! "
ကုယွင်ကိုယ်တိုင်ကမူ မြင်းပေါ်ရောက်နေချေပြီ။ သူက အမြင့်ကနေ ငုံ့ကြည့်လိုက်သည်။ သူ့၏ မြင်းမှာလည်း ပိုင်ရှင်နည်းတူပင် အလောတကြီး ဂနာမငြိမ်ဖြစ်နေချေသည်။ ဇက်ကြိုးကို ဆွဲထားသည့်တိုင် ထိုနေရာ၌ ရှေ့တိုးနောက်ဆုတ်ဖြင့် ခြေဆောင့်နေလေသည်။
ချန်ကန်း၏မျက်နှာထက်၌ ရှိရမည့် သွေးရောင်များအားလုံးက သူ့လက်ဖဝါးနှင့် ဝတ်ရုံလက်အဝတွင် စွန်းပေနေသယောင်။ သူသည် စက္ကူပေါ်တွင် အကြမ်းရေးခြစ်ထားပြီး စုတ်ချက်သာရှိသည့် အသက်မသွင်းရသေးသော လူရုပ်တစ်ရုပ်နှင့် တူနေပေ၏။
သူ့၏အမူအရာများက ဘာကိုမျှ ဂရုမစိုက်တော့သည့်နှယ်။ မသိလျှင် ခုနလေးကတင် မခံစားနိုင်လောက်အောင် နာကျင်နေသော မျက်နှာထက်တွင် မျက်နှာဖုံးတစ်ခု ကောက်တပ်ထားသည့်ပမာ။ သူက တစ်လုံးချင်းပြောလာသည်။
" တကယ်လို့ ဦးလေးဟော့သာ စစ်သူကြီးထန်ကို မတားနိုင်ခဲ့ဆိုရင်.. ရိဖု ဒီလိုအချိန်မှာ ရွှေမြို့တော်ကို ပြန်သွားတာက.. ကိုယ့်ရဲ့ ကိုယ်ပေါ်ကိုပါ မီးကူးလာအောင် လုပ်လိုက်သလို ဖြစ်သွားမယ်ဆိုတာ သံသယဝင်စရာတောင် မလိုဘူးနော် "
ကုယွင်၏ လှပသွယ်လျသော မျက်ခုံးတန်းနှစ်သွယ်က ဆတ်ကနဲ မြင့်တက်သွားသည်။ သူက တစ်ခုခုပြောရန် ပြင်လိုက်သော်ငြား ချန်ကန်းက အရင် ဖြတ်၍ပြောလာသည်။
" ကျွန်တော်သိတယ်.. မီးကူးလာမယ်ဆိုရင်တောင် ရိဖုကလည်း မလွဲမသေ ရွှေမြို့တော်ကို ပြန်မှာပဲဆိုတာ... ဘာလို့လဲဆိုတော့ နန်းတွင်းကိုယ်ရံတော်တပ်က မြောက်ပိုင်းတပ်မကြီးကို တားဆီးနိုင်မှာမဟုတ်လို့လေ.. အခုအချိန်မှာ ရိဖုကလွဲရင် ဘယ်သူကမှ စစ်သူကြီးထန်ကို ဖိနှိပ်လို့မရတော့ဘူး.. ရွှေမြို့တော်ရဲ့ စစ်တပ်အပြောင်းအလဲ တစ်ခုခုရှိတာနဲ့ ဆက်ဖြစ်လာမဲ့ အကျိုးဆက်တွေက ခန့်မှန်းကြည့်လို့တောင် ရနိုင်မှာ မဟုတ်တော့ဘူး "
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။