အခန်း {၂၈}
ကျန်းနန်
ရှန်ယိ : " ဘာဖြစ်တာလဲ? "
ကုယွင် : " ငါ ကျန်းနန်ကို သွားမှရမယ် "
ရှန်ယိက အော်လိုက်သည်။
" အိုက်ယိုး....ကျစ်.. မေးစေ့နဲ့ခြေထောက် ရိုက်မိသွားပြီပေါ့.. အားပါးပါးနာလိုက်တာမှ ---- မင်းရူးသွားပြီလား? ရှီးပေနယ်စပ်စောင့်ကြပ်ရေးရဲ့ အဓိကတာဝန်ရှိသူ စစ်သေနာပတိချုပ်က တာဝန်ကို ကိုယ့်သဘောနဲ့ကိုယ် လစ်ဟင်းပစ်ပယ်ပြီး ကျန်းနန်ကို ထွက်သွားမယ် ဟုတ်လား? မင်းက သေချင်တာလား? ဒါမှမဟုတ် ပုန်ကန်မလို့လား! "
ကုယွင်က အေးစက်စွာ ပြန်ဖြေလိုက်သည်။
" ဒီနေ့လေးတင် သဲကင်းမြီးကောက်တွေရဲ့ အသိုက်ကို ဖမ်းဆီးမိထားတာဆိုတော့ နောက်ထပ် သုံးလေးငါးလလောက်ကတော့ ဒီဒေသက ငြိမ်သက်နေလိမ့်ဦးမယ်... လင်းယုန်နက်တွေရဲ့ အမြန်နှုန်းနဲ့ တစ်ရက်နှစ်ရက်ဆို ကျန်းနန်ကို ရောက်ပြီ.. ငါအကြာကြီး မနေပါဘူး.. လူကို ရှာတွေ့တာနဲ့ ချက်ချင်းပြန်လာခဲ့မယ် "
ရှန်ယိက စိတ်ဆိုးမာန်ဆိုးဖြင့် နှုတ်ရေးကောင်းစွာ အင်မတန်ရှည်လျားသော ငြင်းခုံဆွေးနွေးပွဲကြီးကို စတင်ရန်ပြင်ဆင်လိုက်သည်။ သို့ရာ သူပါးစပ်တောင် မဟရသေးခင်မှာပဲ ကုယွင်က တံတောင်ဆစ်ဖြင့် သူ့ဗိုက်ကို ထိုးချလိုက်လေသည်။
ရှန်ယိ : " အားယိုး "
ရှန်ယိသည် ဗိုက်ကိုဖိကာ ခါးကုန်းလျက် အာခေါင်ခြစ်အော်လိုက်သည်။
" ငါမင်းကို ဘာမှတောင် မပြောရသေးဘူးလေကွာ! "
ကုယွင် : " မင်းပြောလာမှာကို သိလို့ ကြိုတင်ကာကွယ်တာလေ "
ထို့နေ့ညတွင် မြင်းနက်စစ်သည်တော် (၁၃) ဦးက သဲကန္တာရထဲတွင် လအတော်ကြာ သောင်းကျန်းပုန်းခိုနေသော သဲကန္တာရဓားပြခေါင်းဆောင်နှင့်နောက်လိုက်များကို တစ်ခါတည်း ဖမ်းဆီးလိုက်နိုင်သည်။ ကုယွင်ထံ သတင်းပို့သောအခါ ကုယွင်က "အကျဉ်းချစေ" ဟု တစ်ခွန်းသာမိန့်ကြားပြီး အနားတောင်မယူနိုင်တော့ဘဲ ညတွင်းချင်း ကျန်းနန်သို့ ထွက်ခွာလေသည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။