အခန်း{၂၄}
မကောင်းဆိုးဝါးဘုန်းတော်ကြီး
အနှီမြားသည် ကြယ်ကြွေသည့်ပမာနှယ် လေတံခွန်နီအစင်းနှစ်ဆယ်ကျော်အောက်ရှိ ပင့်ကူမျှင်သဖွယ် ရှုပ်ထွေးယှက်နွယ်နေသော ကြိုးများကို ကျော်ဖြတ်၍ ကျားရိုင်း၏ ဂုတ်ပိုးတည့်တည့် စိုက်ဝင်သွားလေသည်။
ဤမြားတစ်ချက်၏ အားက မည်မျှပြင်းသည်မသိ၊ မြားဦးမှာ ကျားရိုင်းကြီး၏ ဦးခေါင်းကို ထုတ်ချင်းပေါက်ဖောက်ထွက်သွားပြီး "ဝုန်း"ကနဲ ၄င်းကို မြေပေါ်သို့ ယိုင်တိယိုင်နဲ့ လဲကျသွားစေသည်။ အော်ညည်းသံတစ်သံမျှပင် မပြုလိုက်နိုင်ဘဲ တစ်ခါတည်း ဇီဝိန်ကြွေသွားတော့လေသည်။
ကုယွင်၏ လက်များက ဤတွင် မရပ်နားပေ။ ချက်ချင်းနောက်လှည့်ပြီး လေးကြိုးကိုဆွဲရင်း နောက်ထပ်မြားတစ်ချောင်းကို တင်လိုက်သည်။ ပြီးသည်နှင့် သီးသန့်အခန်း၏ တံခါးပေါက်ကို မှီလျက် ရှုထောင့်တစ်ထောင့်သို့ ပြောင်းလဲယူလိုက်သည်။ နည်းနည်းလေးမှတောင် ချိန်ရွယ်ခြင်းမရှိဘဲ နောက်ထပ်မြားတစ်စင်းကို ထပ်မံပစ်လွှတ်လိုက်သည်။ တည့်တည့်မတ်မတ်စိုက်မှန်သွားသည်မှာ ခုနလေးတင်က ပရိတ်သားများအကြား ရွှေသစ်ရွက်များ ကြဲချသော ရှုမျှော်ခင်းစင်ပေါ်ရှိတိုင်လုံးပေါ်သို့ ဖြစ်သည်။
ရှုမျှော်ခင်းစင်ပေါ်ရှိလူအပေါင်းမှာ ထိတ်လန့်ကြောက်ရွံ့စွာ အော်ဟစ်ကြတော့သည်။ ကုယွင်ပစ်လိုက်သော မြားသည် အနောက်တိုင်းသားတစ်ဦး၏ ဦးခေါင်းအရေပြားကို ကပ်သီးလေးဖြတ်သွားပြီး ထိုသူ၏ ဦးထုပ်မှာတော့ တိုင်လုံးပေါ်တွင် စိုက်ဝင်နေလေသည်။ မြားအမြီးရှိ ငှက်မွေးလေးမှာမူ ပြင်းပြင်းထန်ထန်တုန်ခါနေဆဲပင် ဖြစ်၏။
ထိုလူသည် ကြောက်လန့်လွန်းသွားပြီး ခုံပေါ်မှ ခြေကားရား လက်ကားရားဖြင့် ပြုတ်ကျလာတော့၏။
ကုယွင်က လေးရှည်ကိုပြန်သိမ်းလိုက်ပြီး လှေရွက်တိုင်ထိပ်ရှိ ထုန်ဟုန်ကိုင်ဆောင်ထားသော သံနက်စစ်သည်ကို အမူရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။