အခန်း {၁၃}
အပြစ်ကိုသိ၍ တောင်းပန်ရန်ကြိုးစားခြင်း
ကုယွင်က အမှန်တော့ ချန်ကန်းဘေးချင်းကပ်လျက်မှာပဲ တည်းခိုနေခြင်းဖြစ်သည်။ သို့သော် ချန်ကန်းတည်းသည့်ဝင်းနှင့်မတူ သူခြေချရာအရပ်ဟူသည် တိတ်ဆိတ်အေးစက်လှသည်မှာ အထင်အရှား။အကယျ၍ ခနြျကနျးကသာ "ခစားဧညျ့ဝတျာပွုရနျမလိုဘူး" ဟုဆိုလိုကျလြှငျ လူကွီးမငျးကောသညျ မကြျနှာပွောငျစှာဖွငျ့ "အရှငျမငျးသားက ပွညျသူတှအေပေါျမတေ်တာတရားကွီးမားလှပါတယျ" ဟူ၍ လလေုံးထှားခြီးမွှောကျပွောဆိုနမှော အမှနျပငျ။ ထို့အပွငျ အစခေံဆယျယောကျကြောျလောကျ ထပျမံစလှှေတျလိမျ့ဦးမညျ။
သို့ရာတွင်မူ ထိုသူ့တွင် မိုးလောက်ကြီးသောသတ္တိရှိလျှင်ပင် စစ်သေနာပတိချုပ်ကုရှေ့သွား၍ ပေါပေါပဲပဲစကားလုံးများဖြင့် ချီးမြှောက်ပြောဆိုကာ ကပ်ဖားရဲသည့်သတ္တိမရှိနိုင်ချေ ။
ကုယွင်က လေသံအသာအယာဖြင့် "လာမနှောင့်ယှက်ကြနဲ့" ဟု စကားတစ်ခွန်းဆိုရုံနှင့် သူနေသည့်ခြံဝင်းထဲသို့ ကြောက်လန့်ဖွယ်သံနက်တပ်ရင်းစစ်သည်များမှလွဲ၍ မည်သူကမျှ ခြေတစ်လှမ်းမျှပင် မဝင်ရဲပေ။
ကုယွင်၏ ယခင်က ကောင်းကောင်းမကြားရ၊ ကောင်းကောင်းမမြင်ရသော အခြေအနေမျိုးတွင် သူ့တစ်ကိုယ်လုံးက ပုံမှန်ထက်ပို၍ပင် စိတ်တင်းကျပ်နေတတ်သည်။ မရင်းနှီးသောသူများက အနားတွင် ရစ်သီရစ်သီလျှောက်သွားနေခြင်းကို အလွန်ပင်မုန်းတီးလေသည်။
ရှန်ယိအနေဖြင့် ကုယွင်၏ယခုကဲ့သို့ သစ်ပင်မြက်ရိုင်းများကိုပါ အန္တာရာယ်ရှိသည့်သဖွယ် သတိချပ်နေသော စိတ်တင်းကျပ်နေသည့်ပုံမျိုးကို မတွေ့မမြင်ရသည်မှာ အတော်တန်ပင်ကြာပြီဖြစ်သည်။ မူလက သူထင်ခဲ့သည်မှာ ယန့်ဟွေမြို့ငယ်လေးတွင် နှစ်နှစ်တာမျှတိမ်မြှုပ်နေထိုင်ရင်း ရှုပ်ထွေးဝေဝါးသော လူ့ပတ်ဝန်းကျင်နှင့် နေတတ်ထိုင်တတ်အောင်၊ နေသားကျအောင် သင်ယူနိုင်သွားပြီ ဟူ၍သာ။ ယခုလက်ရှိတွင်ကြည့်ရသလောက် ယခင်အတိုင်းပင် အသားမကျသေးသည်မှ သိသာလှ၏။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။