အခန်း {၄၁}
ဖွင့်ပွဲ
တောင်ပိုင်းအလယ်ရှိ စစ်ဆေးရေးမှူး ခွိုင်လန်ထူလက်ထဲတွင် နှစ်ရာသော အစောင့်အကြပ်တပ်သားများအပြင် လေးလံသော သံချပ်ကာဝတ်စစ်သည် ဆယ်ယောက်နှင့် ချင်းချုံဝတ်စစ်သည် ဆယ့်ငါးယောက်ရှိသေးပေသည်---- နောက်ထပ် ဧရာမလေတံခွန်ကြီးသာ ထပ်ပေါင်းလိုက်လျှင် ထိုသံမဏိသံချပ်ကာများ၊ စက်အင်ဂျင်များအရ တွက်လျှင်တောင် မြောက်ပိုင်းနယ်စပ် ယန့်ဟွေမြို့ကို ကာကွယ်စောင့်ရှောက်ရန် တရားဝင် ပြင်ဆင်ထားသော စစ်တပ်ထက် သာလွန်နေပြီဖြစ်သည်။
သူသည် စွန်းကျောင်းထံမှာ စာလာသည့်အခိုက်တွင် မိမိတစ်သက်လုံး မျှော်လင့်ခဲ့သော 'နေ့' ကို ရောက်လာပြီမှန်းသိလိုက်သည်။
ဖုကျစ်ချန်သည် တောဘုရင်လုပ်နေသည်မှာ အတော်ကြာလေပြီ။ ပင်ကိုစရိုက်က မောက်မာရိုင်းစိုင်းပြီး သူသည် နန်းတွင်းက သူ့အားစောင့်ကြည့်ရန် လွှတ်ထားသော စစ်ဆေးရေးမှုး ခွိုင်လန်ထူအား လူအများရှေ့၌ တစ်ကြိမ်မက အရှက်ရစေဖူးသည်။ နှစ်ဦးကြားတွင် ရန်ငြိုးအာဃတများ ဖြစ်တည်နေသည်မှာ အတော်ကြာပြီဖြစ်၏။
အရှင်မင်းမြတ်က နယ်စပ်ဒေသတွေရဲ့ စစ်အာဏာကို ထိန်းချုပ်ဆုပ်ကိုင်ထားရန် စည်တော်သံအမိန့်အား အတင်းအဓမ္မ အကောင်အထည်ဖော်ရန်လုပ်နေသည်။ သေချာပေါက် တစ်ယောက်ယောက်ကိုတော့ စတေးလိုက်ပြီးမှ စတင် အကောင်အထည် ဖော်ရမည်ဖြစ်၏။ သို့သော် ရှီးပေ(အနောက်မြောက်)ဒေသသည် ကုယွင် ရှိနေသော နေရာဖြစ်၍ သွားလှုပ်လို့ မရပေ။ ကျန်းနန် ရေတပ်သည်လည်း အနောက်တိုင်းသားများ ဝင်ထွက်သွားလာနေသော သင်္ဘောများကို စောင့်ကြပ်နေရသော တာဝန်ရှိသည့်အပြင် ၊ လတ်တလောဖြစ်ပွားထားသော အရေးအခင်းများကြောင့် ကျန်းနန်ကိုလည်း လှုပ်လို့မရပေ။ ကျုံးယွမ်(အလယ်ပိုင်း)တွင်မူ ပြည်တွင်းငြိမ်ဝပ်ပိပြားရေးအား စောင့်ကြပ်နေရသဖြင့် လှုပ်ချင်တောင် နောက်ဆုံးထားရမည့် အမျိုးဖြစ်သည်။ ထို့ကြောင့် နန်ကျန်း(တောင်ပိုင်း)ကသာလျှင် ထွက်ပေါက်တစ်ခုဖြစ်ပေ၏။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။