ဖေရှစ်ရှောင်း : [ ဇနီးလေး ကိုယ် မနက်ခင်းမှာ လက်တန်းတွေ့ဆုံမှုတစ်ခုရှိပြီး နေ့လည်သုံးနာရီခွဲလောက်မှပဲ ကိုယ် စူကျိုးကို ပြန်လာလို့ရတယ် ]ဖေရှစ်ရှောင်း : [ ရှောင်ချီ မင်း အိပ်ပျော်နေတာလား ]
ဖေရှစ်ရှောင်း : [ အစည်းအဝေးက ချက်ချင်းစတော့မှာဆိုတော့ ကိုယ် မင်းဆီကို အချိန်မီ ပြန်မလာနိုင်တော့ဘူး ]
သူမအိတ်ထဲရှိ လော့ချီရဲ့ဖုန်းက တုန်ခါနေသည်။ ဖေရှစ်ရှောင်းက မက်ဆေ့ချ် သုံးကြိမ်ဆက်တိုက် ပို့ထား၏။ ဒါပေမဲ့ သူမက ထိုင်ခုံမှာ အိပ်ပျော်သွားခဲ့ပြီး မကြားလိုက်ရ။
သူမ မနေ့ညက စီးပွားရေးညစာစားပွဲတွင် ပါဝင်ခဲ့ရပြီး နံနက်စောစောမှသာ ပြီးဆုံးသွားခဲ့သည်။ ထို့နောက် စူကျိုးသို့ ပထမဆုံး အမြန်ရထားကိုမှီစေရန် အရုဏ်မတက်မီ သူမ နိုးလာခဲ့သည်။ သူမ ရထားပေါ်ရောက်သောအခါ တေးဂီတသံကို နားထောင်ရင်း အိပ်ပျော်သွားခဲ့၏။
လော့ချီနိုးလာတော့ တစ်နာရီခွဲလောက် ကြာသွားခဲ့သည်။ ပထမဆုံးမက်ဆေ့ချ်ကို ဖတ်နေရင်း 'ဇနီးလေး' ဟူသော အသုံးအနှုန်းကို သူမ ယခုထက်ထိ ကျင့်သားမရသေး ၊ ဖေရှစ်ရှောင်းနှင့်တွဲပြီး နှစ်အတော်ကြာအောင် သူက သူမနာမည်ခေါ်တာကိုသာ ကျင့်သားရခဲ့ပြီး သူမကို 'ဇနီးလေး' လို့ ခေါ်တဲ့အကြိမ်အရေအတွက်က အလွန်နည်းပါးသည်။
သူမက scrolling station သတိပေးချက်စခရင်ကိုကြည့်ကာ ပြန်ဖြေလိုက်၏။
လော့ချီ : [ စူကျိုးကို နောက်ထပ်သုံးမှတ်တိုင် ကျန်သေးတယ် ကျွန်မ အိပ်ပျော်သွားလို့ ]
ဆယ်မိနစ်ကြာပြီးသည်အထိ ဖေရှစ်ရှောင်းက သူမကို အကြောင်းမပြန်ခဲ့.. သူ အစည်းအဝေးတစ်ခုမှာ ရှိနေတုန်းပဲနေမယ်။
လော့ချီက ဖုန်းကိုပိတ်ပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်ကို ကြည့်လိုက်သည်။
သူမနှင့်ဖေရှစ်ရှောင်းတို့နှစ်ဦးစလုံးက စူကျိုးမှဖြစ်ပြီး သူတို့က မင်္ဂလာပွဲအတွက် ကြိုတင်စာရင်းသွင်းမှုများကို အပြီးသတ်ရန် ယခုသီတင်းပတ်ကုန်တွင် စူကျိုးသို့ ပြန်သွားရန် စီစဉ်ခဲ့ကြသည်။ သူတို့ရဲ့မင်္ဂလာပွဲကိုတော့ ဒီဇင်ဘာလလယ်မှာ ပြုလုပ်ဖို့ စီစဉ်ထား၏။