Chapter - 57.1

486 43 0
                                    


အပိုင်း ( ၅၇-၁ )

အဆင့်မြင့်အစည်းအဝေး၏ ဒုတိယပတ်တွင် လုရွေ့သည် အမြင့်ဆုံးဈေးကွက်ကို စွန့်လွှတ်ရန် အစီအစဉ်ကို သဘောမတူသေးသော်လည်း ၎င်း၏သဘောထားမှာ အနည်းငယ် ဖြေလျှော့သွားခဲ့သည်။

လော့ချီက သူနဲ့ အလေးအနက်ပြော၏။

"သေးငယ်တဲ့အရာတွေကြောင့် အရှုံးမပေးပါနဲ့ အမြင့်ဆုံးဈေးကွက်ကို လက်မလျှော့ရင်တောင် ရှင် ယွမ်ဝေဆေးဘက်ဆိုင်ရာကို မယှဉ်နိုင်ဘဲ အဆုံးမှာတော့ အလယ်အလတ်ဈေးကွက်ကိုတောင် ဆုံးရှုံးရလိမ့်မယ်"

"အနာဂတ်မှာ R&D အဖွဲ့က ရှင့်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေမှာပါ အဲဒါက ရှင့်ရဲ့အင်အားပဲ.. ဈေးကွက်ကတော့ ကျွန်မရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေလိမ့်မယ်၊ ရှင် ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ရင် အမြတ်က ယွမ်ဝေဆေးဘက်ဆိုင်ရာကို ရှုံးမှာမဟုတ်ဘူး"

"ရွေ့ဖူက ပိုကြီးထွားလာပြီး ငွေပိုရှာနိုင်မယ်လို့ ရှင့်ထက်ပိုပြီး ကျွန်မက မျှော်လင့်တယ် ကျွန်မမိသားစုက အကြွေးတွေရှိနေတယ်ဆိုတာ ရှင်သိပါတယ်.. ရွေ့ဖူကို ပထမဆုံးရောက်တဲ့နေ့မှာ ကျွန်မရိုးသားခဲ့တယ်"

ထိုညတွင် သူမသည် လုရွေ့ထံမှ အီးမေးလ်တစ်စောင် လက်ခံရရှိပြီး နောက်နှစ်အတွက် စာချုပ်ညှိနှိုင်းရန် နှစ်ပေါင်းများစွာ ရွေ့ဖူ၏ အဓိကဖောက်သည်ဖြစ်သော လင်းဟုန်လုပ်ငန်းစုသို့ သွားရောက်ရအောင် အချိန်စီစဉ်ပေးရန် တောင်းဆိုခဲ့သည်။

ဤသည်မှာ သူမအစီအစဉ်ကို သဘောတူပြီး ဖောက်သည်များနှင့်တွေ့ဆုံရန် ခေါ်သွားခြင်း။

နှစ်သစ်မကူးခင်မှာ လော့ချီနှင့်လုရွေ့တို့ဟာ ရှန်ဟိုင်းကိုသွားကြသည်။

လင်းဟုန်ဟာ အစောပိုင်းနှစ်တွေမှာ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ခဲ့ပြီး အဲဒီမှတစ်ဆင့် အောင်မြင်မှုတွေ ရရှိခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း လင်းဟုန်သည် နိုင်ငံရပ်ခြားမှ ပုဂ္ဂလိက အထူးပြုဆေးရုံများစွာတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now