အပိုင်း ( ၆၀-၂ )ဟဲ့ရွှီသည် သူမအား အားလပ်ရက်တစ်ရက် ပေးထားကြောင်း ၊ မီးပုံးပွဲတော်ပြီးပါက အလုပ်ပြန်သွားရမည်ဖြစ်ကာ ပြီးခဲ့သောအမျိုးသားနေ့ အားလပ်ရက်အတွက် အစားထိုးပေးမည်ဖြစ်ကြောင်း ဝမ်းကွဲဖြစ်သူမှ သူမကို ပြောပြလာသည်။
လော့ယွီသည် လက်မှတ်မရသောကြောင့် သူမဟာ ဟဲ့ရွှီ၏ကားနှင့် ပြန်လာခဲ့ရပြီး ပေကျင်းမှ စူကျိုးသို့ တစ်လျှောက်လုံး မောင်းနှင်လာခဲ့သည်။
ညနေခင်းတွင် လက်ရှိ အဝေးပြေးလမ်းမကြီးပေါ်၌ ဟဲ့ရွှီမှာ ဝန်ဆောင်မှုဧရိယာတွင် အစားအသောက်ကို တမင်တကာ စားသောက်နေပြီး
"ဒါက မင်းနဲ့အတူ နှစ်သစ်ကူးညစာစားတယ်လို့ မှတ်ယူလို့ရတယ်"
သူက လော့ယွီကို ကြည့်၍
"သန်းခေါင်ယံမှာ မင်း ကိုယ့်ကို ဖုန်းဆက်မှာလား"
လော့ယွီ အသံထွက်မလာ...
"မင်းကို တစ်ခုမေးမယ်"
လော့ယွီ ခေါင်းငုံ့ကာ ဟင်းချိုသောက်ဟန်ဆောင်နေ၏။
"ထပ်မေးချင်ရင် ၁၂:၀၁ မှာ ဖုန်းဆက်လိုက်မယ်"
လော့ယွီ : [ အစ်မ ငါ ချက်ချင်း အိမ်ပြန်လာနေပြီ ]
လော့ယွီသည် သူမလုံလုံခြုံခြုံရှိကြောင်း ဝမ်းကွဲကို တင်ပြနေ၏။
လော့ချီက အိမ်တွင် နှစ်သစ်ကူးအကြိုညစာ သုံးဆောင်လျက်ရှိသည်။
လော့ချီ : [ နင်က ၂၉ ရက်နေ့ မနက်ပိုင်းမှာ ပေကျင်းကနေ ထွက်လာတာလေ နှစ်သစ်ကူးအကြို ညနှောင်းပိုင်းအထိ နင် ရောက်မလာသေးဘူးပေါ့ ]
လော့ယွီ ပြုံးလိုက်ပြီး
လော့ယွီ : [ လမ်းတွေပိတ်နေတယ် ]
ကျန်းရှန်းဟယ်က လော့ချီကို အစားအသောက် ထည့်ပေး၏။
"အရင်စား နောက်မှဆို အေးသွားလိမ့်မယ်"
လော့ချီသည် သူမဖုန်းကိုအောက်ချ ၊ ဝိုင်ဖန်ခွက်ဝက်ငှဲ့ထည့် ၊ ကျန်းရှန်းဟယ်၏ဖန်ခွက်နှင့် ခွက်ချင်းတိုက်ပြီးနောက် သူမမိဘများ၏ဖန်ခွက်နှင့် တိုက်လိုက်သည်။ သူမ ဘာမှပြောစရာမလိုပါ။