အပိုင်း ( ၆၂-၂ )ယနေ့တွင် ရေကန်ဘေး၌ ကိုယ်တိုင်ဝန်ဆောင်မှုပေးသော အသားကင်များဖြင့် အလွန်အသက်ဝင်နေပါသည်။
လမ်းတလျှောက်မှာ သူမနှင့် မရင်းနှီးတဲ့လူတွေအများကြီးနှင့် တွေ့ခဲ့သည်။ ရံဖန်ရံခါမှာ သူမ၏ဝမ်းကွဲက အသိမိတ်ဆွေတစ်ယောက်နှင့်တွေ့ပြီး နှုတ်ဆက်၏။
ချွေ့ဖုန်း ရုတ်တရက် ရပ်လိုက်ပြီး လော့ချီပြီးနောက် သူမအမုန်းဆုံး အမျိုးသမီးကို တွေ့လိုက်ရသည်။
"သိလို့လား?"
ချွေ့ရန်က သူမအတိုင်းလိုက်ကြည့်လျှင် ကျက်သရေရှိရှိ ချောမောလှပတဲ့ မိန်းကလေးကို တွေ့လိုက်၏။
"လော့ယွီ"
သူမ အံတင်းတင်းကြိတ်ထားမိသည်။
ချွေ့ရန်သည် သူမ၏ဝမ်းကွဲထံမှ လော့ယွီအကြောင်းကိုသာ ကြားခဲ့ရပြီး သူမကိုရှာဖွေပြီး ဗီဒီယိုရိုက်ခဲ့သူမှာ လော့ယွီဖြစ်သည်ဟု ဆိုခဲ့သည်။ သူမကိုမပြောဘဲ သစ္စာဖောက်ကိုအမိဖမ်းပေးတဲ့သူ၊ နေရာတိုင်းမှာ အကာအကွယ်ပေးတဲ့သူ၊ ဒီလိုဝမ်းကွဲမျိုးကို ဘယ်သူက မလိုချင်မှာလဲ?
"သူမဘေးနားက အဲဒီလူက ဘယ်သူလဲ"
ချွေ့ဖုန်းမေးလိုက်သည့်အခါ ဒါဟာ အဓိပ္ပါယ်မဲ့တဲ့ မေးခွန်းတစ်ခုလို့ ထင်မိသွား၏။ သူမရဲ့ဝမ်းကွဲက လူတိုင်းကို ဘယ်လိုသိနိုင်မှာလဲ။
ချွေ့ရန်သည် ရှန်ဟိုင်းအသိုင်းအဝိုင်းတွင် ကောင်းကောင်းပျော်ပါးနေသော တစ်စုံတစ်ယောက်ကို အမှန်တကယ် သိပါသည်။
"ဟဲ့ရွှီ.. ဟဲ့ဝမ်ချန်းရဲ့တူလေး"
ချွေ့ဖုန်းဟာ သူမနှလုံးသားထဲကကို ဝန်ခံလိုစိတ်မရှိပါ...
"အစ်မ တစ်ယောက်ယောက်နဲ့လွဲနေတာများလား"
လော့ယွီက ဟဲ့ဝမ်ချန်းရဲ့တူဖြစ်သူနဲ့ ဘယ်လိုလုပ်အတူရှိနေနိုင်မှာလဲ!
"မှန်တယ် သူက နင့်ခဲအိုရဲ့သူငယ်ချင်းရဲ့ သူငယ်ချင်းပဲ သူနဲ့ညစာစားခဲ့ဖူးတယ်"
"သူက အပေါ်ယံပဲလား? လော့ယွီမှာ အရည်အချင်း လုံးဝမရှိဘူး သူမက သာမန်ဝန်ထမ်းတစ်ယောက်ပဲ.. သူက သူမကို ဘာကိုသဘောကျတာလဲ"