အပိုင်း ( ၅၉-၁ )ချွေ့ရန်သည် သူမအကြည့်မှားမိမှာကို စိုးရိမ်တာကြောင့် လက်စွပ်ဟာ သူ့လက်သူကြွယ်မှာ အမှန်တကယ် ဝတ်ဆင်ထားကြောင်း ထပ်မံစစ်ဆေးခဲ့သည်။
ကျန်းရှန်းဟယ်လို ယောက်ျားတစ်ယောက်အတွက် လက်စွပ်တစ်ကွင်း ဝတ်ဆင်ခြင်းသည် အိမ်ထောင်ပြုပြီးကြောင်းနှင့် လက်ထပ်မှတ်ပုံတင်ရပြီးခြင်းပင် ဖြစ်နိုင်သည်။
နောက်ဆုံးအနေနှင့် စီးပွားရေးကိစ္စတွေကို ဆွေးနွေးပြောဆိုရန် သင့်တော်သည့်အခွင့်အရေးကို ရှာတွေ့ပါပြီ။
သူမသည် သူမဦးလေးအတွက် လက်ဖက်ရည်ကို ထပ်ဖြည့်ပြီး ကျန်းရှန်းဟယ်အတွက်လည်း ခွက်တစ်ဝက်လောက်ထည့်ဖြည့်ပေးရင်း ချက်ချင်းဆိုလာ၏။
"ကျွန်မ ဥက္ကဋ္ဌကျန်းရဲ့လက်စွပ်ကို မြင်လိုက်ရတယ် ဂုဏ်ယူပါတယ် မင်္ဂလာသေရည်အတွက် စောင့်မျှော်နေပါတယ်"
ကျန်းရှန်းဟယ်မှ ယဉ်ကျေးစွာ ပြန်ဖြေခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ဤသည်မှာ ထင်ရှားသည့် တခြားအရာတွေရှိတယ်ဆိုတာ အသိအမှတ်ပြုမှုတစ်ခုဖြစ်ကာ ၊ ကောင်းမွန်တဲ့အရာတွေ ရောက်ရှိလာတော့မှာဖြစ်ပြီး မင်္ဂလာပွဲမတိုင်ခင် သိပ်ကြာလောက်တော့မှာမဟုတ်ပေ။
ချွေ့ရန်က ကျန်းရှန်းဟယ်ကို ကောင်းကောင်းမသိတဲ့အတွက် သူ၏သတို့သမီးလောင်းဟာ ဘယ်သူလဲလို့ မေးရလောက်အောင် အတော်လေးရင်းနှီးခြင်းမရှိပါ။ ကျန်းရှန်းဟယ်နှင့် သူမဦးလေးဟာ လင်းဟုန်အကြောင်း ဆက်လက်စကားပြောနေကြပြီး သူတို့က ကိုယ်ရေးကိုယ်တာကိစ္စတွေ မပြောလိုကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသဖြင့် သူမလည်း ထိုနေရာတွင်သာ ရပ်တန့်လိုက်ပါသည်။
ဤနေရာတွင် အတူတူပင် စကားစမြည်ပြောကြရာ လော့ချီနှင့် ရှေ့နေတို့ဟာ ဗီလာထဲမှ ထွက်လာကြသည်။
ချွေ့ရန် အနည်းငယ် ထိတ်လန့်သွားပြီး ဘာတွေဖြစ်နေတာလဲ နားမလည်တော့ ၊ သူမဦးလေး၏ ကိုယ်ရေးကိုယ်တာရှေ့နေဖြစ်သော လော့ချီနှင့်အတူရှိနေသည့် ရှေ့နေကို သူမသိထားနှင့်ပြီးသား ၊ လော့ချီသည် သူမ၏လက်ထဲတွင် ဖိုင်အိတ်တစ်အိတ်ရှိနေသေးပြီး ကျန်းရှန်းဟယ်အတွက် စီးပွားရေးကိစ္စအချို့ကို သူမကိုင်တွယ်နေပုံရသည်။