အပိုင်း ( ၃၅-၃ )"မနက်ဖြန် ညစာစားပွဲရှိတယ် မင်းလည်းလာခဲ့"
ကျန်းရှန်းဟယ်က ချင်မော့လင်ကို ပြောသည်။
"မင်းရဲ့ညစာစားပွဲမှာ ငါက ဘာလို့ပျော်ရွင်ရမှာလဲ"
"မင်းလာမှ ငါ့အတွက် ဝိုင်နှစ်ခွက်လောက် သောက်ပေးနိုင်မှာ.. မနက်ဖြန် လော့ချီမွေးနေ့လေ ပါတီပြီးသွားရင် ငါ သူမအိမ်ကိုသွားတွေ့ဖို့ စီစဉ်ထားတယ်"
သူ အလွန်အကျွံမသောက်ချင်ပါ။ အရက်ကြောင့်သာ သူက သူမကို လာရှာသည်ဟု ထင်စေမည်ဖြစ်သည်။ ချင်မော့လင်ဟာ သူ့ရဲ့အချစ်ရေးကို ပထမဆုံးအကြိမ် အတင်းအဖျင်းပြောဖို့ ဆွဲဆောင်ခံခဲ့ရပြီး
"မင်းတကယ်ပဲ ဒီအတိုင်းလုပ်တော့မှာလား"
"ငါ ထပ်ပြီးမနှောင့်နှေးတော့ဘူး"
သူမ မွေးနေ့ကောင်းကောင်း ရနိုင်သည်အထိ သူ စောင့်နေခဲ့သည်။
စီးပွားရေးမှာ သူက အမြဲတမ်း ဗျူဟာချသည်။ သူမနှင့်ပတ်သက်သည့် ကိစ္စများတွင်သာ သူယုံကြည်မှု မရှိခဲ့ပါ။ နောက်ဆုံးတွင် သူမသည် သူ့အတွက် ဘာမှမခံစားရဘဲ သူနှင့် ဆက်ဆံရေးကို စမ်းကြည့်ရန်ပင် ဆန္ဒမရှိခဲ့ပါက သူမအပေါ် သူ့ကိုယ်သူ အတင်းအကျပ် တွန်းလှန်နိုင်မည်မဟုတ်ပေ။
သူမက သူနှင့်တွဲကြည့်ရန် ငြင်းဆိုခဲ့လျှင်တောင် သူမကို ရွေ့ဖူဆေးဘက်ဆိုင်ရာကို သွားခွင့်ပေးဦးမှာပင်။ သူမရဲ့အကောင်းဆုံးနှစ် ၇ နှစ်အတွင်းမှာ သူမမိသားစုရဲ့အကြွေးဆပ်ဖို့ ကုန်ဆုံးခဲ့သော်လည်း တကယ်ဖြစ်လာနိုင်အောင် သူလုပ်ပေးနိုင်သောဆန္ဒတစ်ခုတော့ သူမမှာရှိနေဆဲပါ။
သန်းခေါင်မတိုင်မီ နှစ်မိနစ်ကျန်သေးသည်။ ကျန်းရှန်းဟယ်က ဖုန်းမချခင် ချင်မော့လင်ကို သတိပေး၏။"မနက်ဖြန်လာခဲ့ဖို့ မမေ့နဲ့"
သန်းခေါင်ယံအချိန်၌ လော့ချီသည် ဘော့စ်က ရိုးရှင်းသော ဆုတောင်းစကားဖြင့် သူမထံ သီးသန့်ပေးပို့သော စာအိတ်နီကို လက်ခံရရှိခဲ့သည်။
ကျန်းရှန်းဟယ် : [ Happy Birthday ]
လော့ချီ : [ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကျန်း ]