အချိန်တန်ရင် သူက သူမအား ဒီရာထူးအတွက် ကြိုးပမ်းခွင့်ပေးမှာမဟုတ်။ ယင်းအစား သူက သူမနှင့်စကားပြောရန် လက်ဦးမှုရယူပြီး သူမက မိမိကိုယ်ကို နှိမ့်ချပြီး သူ၏လက်ထောက်ဖြစ်လာရန် ဆန္ဒရှိမရှိ မေးမြန်းမှာဖြစ်သည်။ကျန်းရှန်းဟယ်သည် လော့ချီ၏ခေါ်ဆိုမှုကို အပြီးသတ်ချလိုက်ပြီး သူတို့၏ဆွေးနွေးမှုကို ခဏရွှေ့ဆိုင်းရန် ချင်မော့လင်ထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။ ဘယ်အချိန်ရောက်မယ်ဆိုတာတော့ ပြောဖို့ခက်၏။
ချင်မော့လင် : [ အရေးတကြီး တစ်ခုခုရှိလို့လား ]
ကျန်းရှန်းဟယ်က ပြတ်ပြတ်သားသား ပြန်ဖြေ၏။
ကျန်းရှန်းဟယ် : [ အင်း လော့ချီက ငါ့ကိုတွေ့ဖို့ လာနေပြီ ]
ချင်မော့လင် : "....."
ဒီကောင်က သူ့ကို စကားမပြောနိုင်အောင် လုပ်လိုက်တာပဲ...
ကျန်းရှန်းဟယ်သည် လော့ချီရောက်လာရန် စောင့်ဆိုင်းနေစဉ် ရှန်ဟိုင်းရှိ အကြီးအကဲတစ်ဦးထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ သူတို့နှစ်ယောက်က အချိန်အတော်ကြာ အဆက်အသွယ်မရှိကြဘူး ၊ သူတို့ဆက်သွယ်တဲ့အချိန်တိုင်းလည်း သူတို့ဟာ အရေးမကြီးသော အကြောင်းအရာသုံးခုကို အများဆုံး စကားပြောလေ့ရှိပြီး ထို့နောက် စကားပြောခြင်းမှာ လော့ကျစ်ချိုးရဲ့ကိစ္စတွေကို အမြဲဦးတည်သွားစေသည်။
ကျန်းရှန်းဟယ် ထင်လိုက်သည်မှာ ဖေရှစ်ရှောင်းက လော့ကျစ်ချိုး၏ကုမ္ပဏီအား ၎င်း၏အခက်အခဲများကို ယာယီကျော်ဖြတ်နိုင်စေရန် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း အကြီးအကဲ၏ခေါ်ဆိုမှုက သူ့ကိုပြောပြရန်ဖြစ်သည်ဟူ၍။ထိုသို့ဆိုလျှင် ဖေရှစ်ရှောင်းသည် လော့ချီ၏မိသားစုထံမှ အနည်းငယ် မျက်နှာသာရလိမ့်မည်။ သို့ပေမဲ့ ဒါက ကျန်းရှန်းဟယ်အတွက် သိပ်အရေးမကြီး ၊ လော့ချီရဲ့အဖေမှာ ဖိအားတွေ မရှိတော့သရွေ့တော့ အဆင်ပြေနေတုန်းပါပဲ။ ဒါကြောင့် သူက သိပ်အလေးအနက်မထားဘဲ
"ကျွန်တော် ဒီကိစ္စကို ဖေရှစ်ရှောင်းကို ကိုင်တွယ်ခွင့်ပြုဖို့ အစကသဘောတူခဲ့တယ်"