အပိုင်း ( ၃၁-၃ )ညစာစားပြီးနောက် ယာဉ်မောင်းက သူတို့ကို အိမ်ပြန်ပို့ပေးသည်။ အရင်ဆုံး ကျန်းရှန်းဟယ်ကို သူ့ဗီလာသို့ လိုက်ပို့ပေးပြီး ထို့နောက် လော့ချီကို သူမ၏အိမ်သို့ ခေါ်ဆောင်သွားမည်။
ကျန်းရှန်းဟယ်သည် သူမက စကားမပြောချင်ဘူးလို့ ထင်နေခဲ့၏။ သူ့အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး လက်တန်းပေါ်တွင်တင် ထိုင်ခုံကို နောက်ပြန်မှီကာ အနားယူလိုက်သည်။
လော့ချီက ကျန်းရှန်းဟယ်ကို တစ်ချက်ကြည့်လိုက်သည်။ သူက မျက်စိမှိတ်ထား၏။ ပင်ပန်းနေတာပဲဖြစ်မယ်။ သူမ ဆီဆေးပန်းချီကားကို တစ်ဖန်နှိပ်လိုက်ပြန်သည်။
သူမကို မြင်မြင်ချင်း သဘောကျမိသွားအောင် လုပ်ခဲ့တဲ့ အရာနှစ်ခုပဲရှိတယ် ၊ တစ်ခုက စားသောက်ဆိုင်တစ်ခုရဲ့ နာမည်ဖြစ်ပြီး နောက်တစ်ခုက ဒီပန်းချီကားပဲ။
စူကျိုးတွင် မိုးရွာသောညနေခင်း...
Come, I'm still here.
ဤဆီဆေးပန်းချီကားကို ဘော့စ်က လုပ်ခိုင်းထားခြင်းဖြစ်သည်။ သူ သေချာပေါက် သိမ်းထားချင်မှာ မဟုတ်ဘူး။ လော့ချီက သူမဖုန်းကိုပိတ်ပြီး ကျန်းရှန်းဟယ်ကို လှည့်ကြည့်လျက်
"ဥက္ကဋ္ဌကျန်း"
ကျန်းရှန်းဟယ်က မျက်လုံးတွေကိုမှိတ်ထားတုန်းပဲ။
"အင်း"
"ကျွန်မ ရှင်နဲ့ တစ်ခုဆွေးနွေးချင်တယ်"
"အလုပ်ဆိုရင် မလိုပါဘူး တခြားကိစ္စတွေအတွက် မင်းဆုံးဖြတ်လို့ရတယ်"
"ဒါက ကိုယ်ရေးကိုယ်တာကိစ္စပါ အဲဒီဆီဆေးပန်းချီကားကို ကျွန်မကို ပေးလို့ရမလား? ရှင် ကျွန်မကို အများကြီးကူညီခဲ့ပြီးပြီ ရှင့်ကို ပိုက်ဆံထပ်သုံးခွင့် မပြုတော့ဘူး ဆီဆေးပန်းချီအတွက် ကျွန်မပိုက်ဆံပေးပါ့မယ်"
တကယ်တမ်း အဲဒီပန်းချီကားက သန်းနဲ့ချီပြီး ပိုကုန်ကျထားတာဖြစ်သည်။
သူမ လိုချင်သလောက် ပန်းချီကားများစွာ ရနိုင်၏။ သူက ဆရာယွီကို နောက်ထပ် အနည်းငယ် ပန်းချီဆွဲခိုင်းလိုက်မည်။ ကျန်းရှန်းဟယ်က သူမကို ကတိပေးသည်။