အချပ်ပို ( ၉ )
လော့ချီ၏ကိုယ်ဝန်တုံ့ပြန်မှုမှာ ပြင်းထန်ခြင်းမရှိသလို သူမသည် ကိုယ်ဝန်သုံးလကျော်သည်အထိ မသက်မသာမဖြစ်ဘဲ ကောင်းကောင်းစားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်။ကျန်းရှန်းဟယ် စိတ်မသက်မသာဖြစ်စေသည့် တစ်ခုတည်းသောအချက်မှာ သူနိုင်ငံရပ်ခြားသို့ အလုပ်ကိစ္စဖြင့် ရက်အနည်းငယ်ကြာ ခရီးသွားပြီး ပြန်လာသောအခါတွင် ၊ သူမသည် သူမခေါင်းအုံးကိုသာ အသုံးပြုပြီး သူမကိုယ်ကို စောင့်ခြုံထားလျက်ရှိပြီး သူ့အား ယခင်ကကဲ့သို့ တွယ်ကပ်မနေတော့ပေ။
လော့ချီရေချိုးပြီးနောက် ကျန်းရှန်းဟယ်သည် သူမဆံပင်တွေကို လေမှုတ်ပေးပြီး သူမ၏ဆံပင်ရှည်များကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်လျက်
"မင်း ဆံပင်ညှပ်လိုက်တာလား"
"အင်း ကျွန်မ ဒီနေ့ ဆံပင်သွားညှပ်လာခဲ့တယ်"
လော့ချီက မှန်ထဲကနေ သူ့ကိုကြည့်ပြီး
"ကျွန်မက ရှင်မသိနိုင်ဘူးလို့ ထင်နေတာ"
"ဘာလို့လဲ? ကိုယ်က မင်းဆံပင်တွေကို နေ့တိုင်းခြောက်အောင် မှုတ်ပေးတော့ မင်းဆံပင်ဘယ်လောက်ရှည်လဲဆိုတာ ကိုယ်သိတယ်လေ"
လော့ချီ နောက်ပြန်မှီကာ သူ့ရင်ခွင်ထဲ မှီချလိုက်သည် ၊ ဆံပင်လေမှုတ်စက်မှ အေးမြသောလေက သူမနားရွက်ဖျားကို မှုတ်ထုတ်လိုက်သည်။ ဆံပင်ကိုအခြောက်ခံပြီးနောက် ကျန်းရှန်းဟယ်က ဆံပင်လေမှုတ်စက်ကို ရေချိုးခန်းထဲ ပြန်ထားသည်။ သူထွက်လာတော့ လော့ချီက သူမ၏ကုတင်ဘက်ခြမ်းတွင် ရှိနေပါပြီ။
သူ အလုပ်ကိစ္စနှင့် ခရီးမသွားခင်မှာ သူတို့ရဲ့အိပ်ရာတစ်ဖက်ကို လုံးဝအသုံးမပြုခဲ့ပါဘဲ ၊ သူမရဲ့ခေါင်းအုံးဟာ အလှဆင်မှုတစ်ခုသာဖြစ်ပြီး ခေါင်းအုံးအဖြစ် ဘယ်တော့မှ အသုံးပြုခဲ့ခြင်းမရှိပေ။
ကျန်းရှန်းဟယ်က လမ်းလျှောက်လာပြီး
"ကိုယ့်ကို မင်းနဲ့အတူ မအိပ်စေချင်ဘူးလား?"
"မဟုတ်ပါဘူး"
လော့ချီ စောင်ထဲဝင်ကာ သူမနှုတ်ခမ်းအောက်နားထိ စောင်ကိုဆွဲယူ၍ အပြုံးဖြင့် သူ့ကိုကြည့်ပြီး