အပိုင်း ( ၄၉-၁ )ပိတ်စကိုစီစဉ်ပြီးနောက် ကျန်းရှန်းဟယ်သည် သူမ၏ပုခုံးကိုကိုင် မှန်ကိုမျက်နှာမူကာ လှည့်ကြည့်လိုက်သည်။
"ကြည့်ကောင်းတယ်လို့ မင်းထင်လား"
သူက သူမကို မေးသည်။
လော့ချီက မှန်ကိုကြည့်၍ ပြုံးနေရင်း
"ပြောင်းပြန်ဖြစ်နေသလိုပဲနော် အံ့ဩသွားလားလို့ မေးရမဲ့သူက ကျွန်မဖြစ်သင့်တာမလား"
"အခု မင်းဝတ်လိုက်တဲ့အချိန် အရမ်းအံ့ဩစရာကောင်းတယ်"
ကျန်းရှန်းဟယ်သည် ဤမင်္ဂလာဆောင်ဝတ်စုံကို မြင်မြင်ချင်းပင် သဘောကျမည်လားဟု တွေးကာ သူမအား အကြံပြုခဲ့သည်။
ယခုအချိန်၌ လော့ချီတွင် ကျန်းရှန်းဟယ်၏အလှတရားအတွက် စစ်ထုတ်မှုတစ်ခုရှိပြီး ၎င်းမှာ သူမရွေးချယ်သည့်အရာထက် သူမအတွက် ပိုသင့်လျော်သည်ဟု ထင်မြင်သည်။
မှန်ရှေ့ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်တော့ ဘေးတိုက်နှင့်အနောက်ဒီဇိုင်းက သူမရဲ့ခန္ဓာကိုယ် အားသာချက်တွေကို အပြည့်အဝ ထုတ်ဖော်ပြသထားသည်။ အဝတ်လဲခန်းမှထွက်လာလျှင် ဝန်ထမ်းတွေအားလုံးက 'ဝိုး' လို့ တညီတညွတ်တည်း ပြောကြ၏။ အပြင်ခန်းရှိ နံရံတစ်ခုလုံးတွင် မှန်တစ်ချပ်ပါရှိပြီး တစ်ကိုယ်လုံးကို ပို၍ပေါ်လွင်စေသည်။
လော့ချီက ကျန်းရှန်းဟယ်ဘက်သို့ လှည့်ပြီး
"ကျွန်မ ဒါကို ယူထားချင်တယ်"
ကျန်းရှန်းဟယ်က သူမကို ပြုံးပြုံးလေးကြည့်ပြီး
"အိုကေ"
ဝန်ထမ်းတွေက အားကျမနာလိုဖြစ်နေပုံရသည်။ သူတို့ရဲ့မင်္ဂလာဝတ်စုံကို ရွေးချယ်ဖို့ ရောက်လာကြတဲ့ မရေမတွက်နိုင်တဲ့ စုံတွဲတွေကို လက်ခံရရှိခဲ့ကြသည်။ ဤတစ်ကြိမ်တွင် မင်္ဂလာဝတ်စုံတွေကို ကူညီစီစဉ်ရာ၌ သူတို့အသုံးမဝင်ဖြစ်သည်မှာ ပထမဆုံးအကြိမ်ပါပဲ။
သူတို့ဟာ သတို့သားမတ်တပ်ရပ်သင့်သည့် နေရာတွင် ရပ်နေကြပြီး သတို့သမီးထွက်လာမည်ကို ဝမ်းသာအားရ စောင့်ဆိုင်းနေကြသည်။