အပိုင်း ( ၅၇-၂ )စောင့်ဆိုင်းနေစဉ်တွင် သူမ အီးမေးလ်နှစ်စောင်ကိုလည်း လုပ်ဆောင်ခဲ့သည်။ လုရွေ့က သူမကို မက်ဆေ့ချ်ပို့လာ၏။
လုရွေ့ : [ လူက ဘယ်မှာလဲ? ဖေရှစ်ရှောင်းက ဒီမှာရောက်နေတယ် ]
သိပ်နောက်မကျဘူး...
လော့ချီ ချွေ့ရန်၏ရုံးခန်းသို့ သွား၏။
ချွေ့ရန်သည် ဖေရှစ်ရှောင်းကို မမြင်ချင်ဘဲ သူ့ကို မျက်စောင်းထိုးရန်ပင် စိတ်မ၀င်စားပေ။
အမှန်ပဲ ၊ သူမက သူနဲ့ရှင်းလင်းရမယ်...
ဖေရှစ်ရှောင်း လေးနာရီမှာ အစည်းအဝေးရှိတုန်းပဲ၊ သူက နာရီကို ကြည့်လိုက်ပြီး
"မင်းကို နာရီဝက်လောက်တော့ အချိန်ပေးမယ်"
ဤသည်မှာ ချွေ့ရန်ကို ပြောလိုက်ခြင်း...
ချွေ့ရန်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ခေါင်းတောင်မော့မကြည့်လာခဲ့ပေ။
လုရွေ့က သူ့မျက်မှန်ကို သန့်ရှင်းရေးလုပ်နေသည် ၊ တကယ်တော့ သူ ဒီမှာ ဘာမှလုပ်စရာမရှိ ၊ သူက အပျော်ကစားရတာကို နှစ်သက်တဲ့လူတော့ မဟုတ်ဘူး။ သူ ဒီအတိုင်း ရှောင်မနေခဲ့တာ...
လော့ချီက ဖုန်းအယ်လ်ဘမ်ကို ကြည့်နေပြီး ဖေရှစ်ရှောင်းက သူမကို တခဏချင်း ကြည့်နေသည်။ ယခု သူရောက်လာချိန်တွင် သူ့အမေက သူ့ရုံးခန်းတွင်ရှိနေပြီး၊ သူ့အမေသူငယ်ချင်းရဲ့ သမီးက သူမနှင့်အတူ လိုက်လာသည်။
ဘာကြောင့်ခေါ်လာမှန်း လူတိုင်းမှာ မပြောဘဲနဲ့တောင်သိတယ်...
သူက ချွေ့ဖုန်းမှာ တစ်ခုခုဖြစ်နေတယ်လို့ အမေဖြစ်သူကိုပြောပြီး ကိုင်တွယ်ဖြေရှင်းရန် ရောက်လာလေသည်။ ဖုံးကွယ်ထားသောဘလိုင်းဒိတ်ကို ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်တော့လောက်အောင် ဖြစ်သွားသည်။
"အစ်မ?"
ထို့နောက် တံခါးတွင် တံခါးခေါက်သံနှစ်သံ ထွက်ပေါ်လာ၏။
"ဝင်လာလေ"
ချွေ့ရန် မောက်စ်ကိုချပြီး ဒီနေ့ ဖြေရှင်းသင့်တဲ့အရာအားလုံးကို ဖြေရှင်းရမည် ၊ ချွေ့ဖုန်း တံခါးကို တွန်းဖွင့်လိုက်ပြီး